၃၀ သြဂုတ်
ဂျပန်နိုင်ငံ နာဂိုယာတွင် စက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသမီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
နာဂိုယာမီးသတ်ဦးစီးဌာန ပြောကြားချက်အရ ထိုစက်ရုံ၌ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီ ၁၀ မိနစ် ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ နောက်ဆက်တွဲမီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထိုမီးသတ်ဦးစီးဌာန က ပြောကြားခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း ဒေသခံမီဒီယာ က သတင်းဖော်ပြခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို