ဂျပန်-အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယဆုရရှိ

ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဂျပန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း တတိယနေရာရရှိခဲ့သည်။

                              

မြန်မာအသင်းသည် တတိယနေရာလုပွဲအဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျနေသောကြောင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

မြန်မာအသင်းသည် နောက်မှလိုက်ကစားရသော်လည်း ရန်နိုင်လင်းက ချေပဂိုးပြန်သွင်းခဲ့သောကြောင့် တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

 

ပယ်နယ်တီဆုံးဖြတ်ရာတွင် လွင်ဇော်မောင်၊ သက်ဟိန်းစိုးနှင့် ညီညီတို့က ဂိုးများသွင်းယူခဲ့သည်။ ဗိုလ်လုပွဲတွင် ဂျပန်အသင်းက တီမောအသင်းကို ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အဆင့် (၅) နေရာလုပွဲတွင် ကမ္ဘောဒီးယား အသင်းက မလေးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ် ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ပြိုင်ပွဲအပြီးတွင် အိမ်ရှင်ဂျပန်အသင်းက ပထမ၊ တီမောအသင်းက ဒုတိယ၊ မြန်မာအသင်းက တတိယ၊ လာအိုအသင်းက စတုတ္ထ၊ ကမ္ဘောဒီးယားအသင်းက ပဥ္စမ၊ မလေးရှားအသင်းက ဆဌမ ရရှိခဲ့သည်။

 

ရဲရင့်ရှိုင်း