ဂျင်းနှင့် ငါးသေတ္တာငါး နှပ်ချက်

နေပြည်တော် ၂၃ မတ်

 

ဂျင်းအနံ့က ငါးညှီနံ့ကို ပျောက်စေတဲ့အပြင် ဟင်းရဲ့ အရသာကိုလည်း ကောင်းစေပါတယ်။

 

 

ပါဝင်ပစ္စည်းများ (၂ဦးစာ)

 

ငါးသေတ္တာငါး  ၈ ကောင်
ဂျင်း  ၈၀ ဂရမ်

 

ဟင်းအရည်အတွက် ရောစပ်ရန်

 

ရေ ၂၀ဝ မီလီလီတာ


ဆာကေး ၁၀ဝ မီလီလီတာ


ပဲငံပြာရည်   စားပွဲဇွန်း   ၅ ဇွန်း


Mirin ဆန်အရက်  စားပွဲဇွန်း   ၂ ဇွန်း


သကြား  စားပွဲဇွန်း  ၂  ဇွန်း

 

ပြုလုပ်ပုံ

 

၁။ ငါးကို အကြေးခွံထိုးပြီး ခေါင်း နှင့် ဗိုက်သားပိုင်းကို ဖယ်ထုတ်ပါ။ ရေဆေးပြီး ရေစစ်ထားပါ။


၂။ ဂျင်းကို အခွံမခွာဘဲ ရေဆေးပါ။ ထို့နောက် သေးသေးပါးပါးလှီးပါ။


၃။ ရောစပ်ရန် အရည်တွေကို  ၂၁ စင်တီမီတာအရွယ် အိုးထဲထည့်ပါ။ ထို့နောက် ဂျင်းအချောင်းတချို့ကိုထည့်ပြီး မီးအပူချိန်ကို အသင့်အတင့်ထားပါ။ ငါးများကို အိုးထဲထည့်ပြီး ကျန်သည့် ဂျင်းများကို ငါးပေါ်တွင်  ဖြူးပါ။


၄။ ထို့နောက် ဟင်းရည်ဆူပွက်လာသည့်အခါ အထိန်းဖြစ်စေရန် အဖုံးငယ်ကို တင်ပြီး ၁၅မိနစ်ခန့် နှပ်ချက်ပါ။


၅။ ထို့နောက် အဖုံးကို ဖယ်ပြီး ဟင်းအရည်များ သုံးပုံတစ်ပုံသာ ကျန်တော့သည်အထိ ဆက်ပြီး နှပ်ချက်ပါ။ ဟင်းအိုးတည်ထားစဉ်အချိန်အတွင်း ဟင်းအရည်များကို ဇွန်းနှင့်ခပ်ပြီး ငါးအပေါ်မှာ တစ်ချက်တစ်ချက် လောင်းဆမ်းပေးပါ။ ဟင်းခပ်သည့်အခါ ငါး အသားတွေ မကျေစေရန်အတွက် ဟင်းအိုး နည်းနည်း အေးသွားသည်အထိ ခဏစောင့်ပြီးမှ  ပန်းကန်ထဲထည့်ပါ။

 

ကိုးကား- NHK