ဂန့်ဂေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ကိုယ်ရေသုံး ပစ္စည်းများလှူဒါန်း

ဂန့်ဂေါ ၁  ဧပြီ

 

(ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဂန့်ဂေါမြို့နယ်လုပ်ငန်းကော်မတီသို့ ပြည်ပမှ ပြန်လာသူများ၊ (Facility Quarantine) အသွားအလာ ကန့်သတ်ထားသူများ အသုံးပြုရန် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ လူတစ်ဦး တစ်ကိုယ်ရေသုံးပစ္စည်းများ ၁၀ ဦးစာအား မတ် ၃၁ ရက်က ပေးအပ်လှူဒါန်းသည်။

 

ထိုသို့လှူဒါန်းရာ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဦးက ပေးအပ် လှူဒါန်း၍ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

 

ကျော်သန်းဆွေ