ဂန့်ဂေါခရိုင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း

ဂန့်ဂေါ ၂၈ ဇူလိုင်

 

ဂန့်ဂေါခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီတွင်  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ ပြုလုပ်ရာ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အမှာစကားပြောကြားသည်။

 

ရှင်းလင်းပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးလှဦး က အစည်းအဝေး ကျင်းပခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ CASE MANAGER ဒေါ်ဟေသီဦး က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်ကျော်လင်းက အသစ်ပြဌာန်းထားသော ကလေးသူငယ်ဆိုင်ရာ ဥပဒေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

အဆိုပါ ဥပဒေရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ “ခရိုင်အတွင်းမှာရှိတဲ့ ကလေးသူငယ်များ အခွင့်အရေး ပိုမိုရရှိရန်အတွက် အစည်းအဝေးနှင့် ဥပဒေရှင်းလင်းပွဲကို ပြုလုပ်တာဖြစ်ပါတယ် ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးလှဦးက ပြောသည်။

 

ထို့နောက် တက်ရောက်လာကြသူများက  ဆက်လက် ဆောင်ရွက်ရန်တို့ကို တင်ပြဆွေးနွေးကြရာ ခရိုင်အုပ်ချုပ်ရေးမှူး က ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။

 

၁၄၄