ဂန့်ဂေါ-ကလေး ကားလမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ဂန့်ဂေါ   ၂  မတ်

ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ကလေး ကားလမ်း ကျွန်းဒတ်ကျေးရွာအနီးတွင် ယမန်နေ့ ည ၁၁ နာရီခွဲခန့်က ကွမ်းသီးများ တင်ဆောင်မောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြင်းခြံမြို့မှ ယာဉ်မောင်း ကျော်မြင့် မောင်းနှင်သည့် ၁၂ ဘီး ခဲရောင်သည် ရန်ကုန်မြို့မှ ကလေးမြို့သို့ သွားရောက်စဉ် ကျွန်းဒတ်ကျေးရွာအနီးအရောက်၌ ကားဘီးပြုတ်ထွက်၍ မီးလောင်ကျွမ်းရာမှ ဆီတိုင်ကီသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ယာဉ်ပေါ်ပါ ကွမ်းသီးအိတ်များ၊ ကားတာရာများ၊ ကြမ်းခင်း၊ ဘော်ဒီများအား ဆက်လက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ဂန့်ဂေါမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သန်းဆွေ