ဂွမြို့နယ်တွင်ဦးစားပေးအစီအစဥ်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူ ပေါင်း ၆၂၉  ဦးရှိပြီဖြစ်

mdn

ဂွ        သြဂုတ်      ၅

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့်ဦးစား ပေးအစီအစဉ်အလိုက် ဆေးထိုးနှံပေးနိုင်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ် ၅ရက်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း ၆၂၉ဦးရှိပြီဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ဂွမြို့နယ်တွင် စုရပ်(၃)ခုဖြစ်သည့်မြို့နယ်စည်ပင်သာယာ (အောင်မင်္ဂလာ)ခန်းမ၊ဆပ်သွားအ-ထ-ကနှင့် ကျိန္တလီ ထွေ/အုပ်ခန်းမတို့၌နံနက်၉နာရီခွဲမှ စတင်ကာကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို ဦးစားပေးအစီအစဥ်အလိုက်ထိုးနှံပေးခဲ့ကြောင်း သိရသည်၊။

 

သြဂုတ်၂ရက်နေ့မှသြဂုတ် ၄ ရက်အထိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား (၆၀၆)ဦးစေတနာ့ဝန်ထမ်း (၁၇)ဦး၊ သီလရှင်(၄)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁)ဦးနှင့်နိုင်ငံ့ဝန်ထမ်း(၁)ဦးစုစုပေါင်း(၆၂၉)ဦးအားထိုးနှံပေးခဲ့ကြောင်းနှင့်နောက်ရက်များတွင်လည်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေရည်ဝင်း