ဂျက်စတင်ဘီဘာရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ BTS

၅ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ လတ်တလောမှာ စံချိန်သစ် ထပ်မံတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ တေးဂီတအဖွဲ့ဟာ ကနေဒါ လူမျိုးပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာ တင်ထားခဲ့တဲ့ စံချိန်ကိုကျော်ဖြတ်ကာ လတ်တလောမှာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

BTS ဟာ ဘေဘုတ်ရဲ့ Social 50 ဇယားမှာ သီတင်းပတ်အကြာဆုံး ရပ်တည်နိုင်ခဲ့တဲ့ တေးသံရှင်တွေ ဖြစ်လာခဲ့တာပါ။ ယခင်က ဒီစံချိန်ကို ဂျက်စတင်ဘီဘာက ရယူထားခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ BTS ဟာ ဂျက်စတင်ဘီဘာကို အမီလိုက်နိုင်ခဲ့ပြီး ယခု သီတင်းပတ်မှာတော့ ကျော်လွန်ကာ စံချိန်သစ် တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဘေဘုတ်ရဲ့ Social 50 ဇယားမှာ ဂျက်စတင်ဘီဘာက သီတင်းပတ် ၁၆၄ ပတ်ကြာ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပြီး လတ်တလောမှာတော့ BTS ဟာ သီတင်းပတ် ၁၆၅ ပတ်မြောက် အဖြစ် အဆိုပါဇယားရဲ့ နံပါတ်တစ်နေရာကို ရယူထားကာ အချိန်အကြာဆုံး ရပ်တည်နိုင်တဲ့ တေးသံရှင်အဖြစ် စံချိန်သစ်တင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေပြည့်