ဂျက်စတင်ဘီဘာနဲ့ တွဲနေစဉ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုခံရဟု ဆယ်လီနာပြော

၂၉ ဇန်နဝါရီ

 

အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဆယ်လီနာဂိုမက်ဇ်ကတော့ သူနဲ့တွဲလိုက် ပြတ်လိုက်ဖြစ်ခဲ့တဲ့ ရည်းစားဟောင်း ဂျက်စတင်ဘီဘာနဲ့အတူရှိစဉ်က ခံစားမှုတွေကို ဖွင့်ဟလာပါတယ်။ အဲဒီတုန်းကဆိုရင် သူဟာ စိတ်ပိုင်းဆိုင်ရာ ( ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ ပြောပါတယ်။ အင်န်ပီအာ သတင်းဌာနနဲ့ အင်တာဗျူးလုပ်စဉ်မှာ ရည်းစားဟောင်းရဲ့ အကြောင်းကို ဆယ်လီနာပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ကတော့ ၂၀၁၈ ခုနှစ် မတ်လမှာ အပြီးတိုင်လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။

 

စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်မှုခံရတာ အန္တရာယ်ကြီးလှပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာကို နားလည်ဖို့နည်းလမ်းတွေ ရှာဖွေခဲ့တယ်။ ကျန်ရှိနေတဲ့ဘ၀ကို ဒီအကြောင်းတွေတွေးပြီးတော့ အချိန်မကုန်ဆုံးချင်ဘူး။ အခုအချိန်မှာ ခံနိုင်ရည်အရှိဆုံး လူတစ်ယောက်ဖြစ်လာတာကိုလည်း ဂုဏ်ယူမိတယ်လို့ ဆယ်လီနာက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ဆယ်လီနာရဲ့ Lose You to Love Me ဆိုတဲ့သီချင်းဟာလည်း ဂျက်စတင်ဘီဘာနဲ့ ကွဲကွာသွားစဉ်က နာကျင်မှုတွေကို ရေးစပ်ထားတာဖြစ်တယ်လို့ ဆယ်လီနာက ပြောပါတယ်။ ဒါပေမယ့် ဒီသီချင်းတစ်ပုဒ်လုံးဟာ ဂျက်စတင်ဘီဘာအကြောင်း မကောင်းရေးထားတာတော့ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။ ဆယ်လီနာနဲ့ ဂျက်စတင် ဘီဘာတို့ဟာ ၂၀၁၁ ခုနှစ်မှာ စတင်တွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

အီးနယူးစ်

ခြူး