ဂါဇာမြောက်ပိုင်း၌ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပါလက်စတိုင်းပြည်သူ ၃၂ ဦး ဒဏ်ရာရ

ဂါဇာကမ်းခြေမြောက်ပိုင်းနှင့် အစ္စရေးနယ်စပ်တွင် တနင်္လာနေ့က အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ပါလက်စတိုင်းပြည်သူ ၃၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆေးအဖွဲ့က ပြောကြားခဲ့သည်။

ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့အစည်း၏ ဖော်ပြချက်အရ ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ၁၁ ဦးမှာ သေနတ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းဖြစ်ပြီး ၁၂ ဦးမှာ ရော်ဘာတပ် သတ္တုကျည်ဆန်များ ထိမှန်ခဲ့ခြင်းဖြစ်ကာ ကိုးဦးမှာ မျက်ရည်ယိုဗုံး ဓာတ်ငွေ့များကြောင့် ဖြစ်သည်ဟု သိရသည်။

အပတ်စဉ် တနင်္လာနေ့ရောက်တိုင်း ပါလက်စတိုင်းနိုင်ငံသား ဆန္ဒပြပြည်သူများသည် အစ္စရေး နယ်စပ်ခြံစည်းရိုးအနီး ဂါဇာကမ်းခြေမြောက်ပိုင်းတွင် စုဝေးခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသကို ၁၂ နှစ်ကြာ အောင် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့မှုကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒဖော်ထုတ်မှုများသည် အပတ်စဉ် သောကြာနေ့တိုင်း ဖြစ်ပွားခဲ့ပြီး မတ် ၃၀ ရက်က စတင်ခဲ့သည့် Great March of Return ဟု အမည်ပေးထားသည့် လူထုစုဝေးချီတက်မှုကြီး၏ လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ 

ဆင်ဟွ