ဂါဇာကမ်းမြောင်ဒေသတွင် ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်ရေးအတွက် မက်ခရွန် ပန်ကြား


ဂျေရုဆလင် ဧပြီ ၂၃
ဂါဇာကမ်းမြောင်ဒေသတွင် ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ယမန်နေ့ကပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။ 
အီရန်က အစ္စရေးအား တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်တွင် အစ္စရေးနိုင်ငံသားများနှင့် တစ်သားတည်းရပ်တည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့ရာတွင် ဂါဇာတောင်ပိုင်းရှိရာဖယ်၌ အစ္စရေးတပ်ဖွဲ့က ထိုးစစ်အရှိန်မြှင့်ခြင်းအပေါ် မိမိကန့်ကွက်ကြောင်းနှင့် ၎င်းကဲ့သို့ဆောင်ရွက်ခြင်းသည် ပဋိပက္ခကို ကြီးထွားလာစေရေးအတွက် ဆောင်ရွက်ချက်သာဖြစ်ကြောင်း မက်ခရွန်က ရှုတ်ချပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အများအပြားရောက်ရှိရေးနှင့် ဓားစာခံများလွတ်မြောက်ရေးကိစ္စကို ပြင်သစ်က အလေးထား ဆောင်ရွက်မည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားသည်။ 
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ