ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၂၇၈၂ ဦး ရှိလာ

ဧပြီ ၁

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၂၇၈၂ ဦးရှိလာကြောင်း ဂါဇာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၇ ဦး သေဆုံးခဲ့ပြီး အခြား ၁၀၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားမှုနောက်ပိုင်း ပါလက်စတိုင်းသေဆုံးသူ ၃၂၇၈၂ ဦး ရှိလာပြီး ၇၅၂၉၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို