ဂျိုရှူယာအနေနဲ့ အော့တိုဝယ်လင်နဲ့ ယှဉ်ပြိုင်ထိုးသတ်သင့်ဟု ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲစီစဉ်သူ ပြောကြား

ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂျိုရှူယာအနေနဲ့ ယူကရိန်းလက်ဝှေ့ကျော် အိုလက်ဆန်းဒါး ယူဆစ်နဲ့ မကျေပွဲယှဉ်ပြိုင်ထိုးသတ်မယ့် လက်ဝှေ့ပွဲစဉ် နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် ဆွီဒင်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား အော့တိုဝယ်လင်နဲ့ ယှဉ်ပြိုင်ထိုးသတ်သင့်တယ်လို့ ဆွီဒင်နိုင်ငံရဲ့ ဟဲဗီးဝိတ် လက်ဝှေ့ပြိုင်ပွဲစီစဉ်သူ ဒီမီထရီဆာလီတာ က ပြောကြားခဲ့ပါတယ်။

 

အိုလက်ဆန်းဒါးယူဆစ်နဲ့ ဂျိုရှူယာတို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ခါးပတ်လုပွဲမှာ အိုလက်ဆန်းဒါးယူဆစ်က ဂျိုရှူယာကို အနိုင်ရပြီး အိုင်ဘီအက်ဖ်၊ ဒဗလျူဘီအေ၊ ဒဗလျူဘီအိုနဲ့ အိုင်ဘီအို ခါးပတ်တွေကို သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။ ။

 

အဲဒါကြောင့် ဂျိုရှူယာဟာ အိုလက်ဆန်းဒါးယူဆစ်နဲ့ မကျေပွဲယှဉ်ပြိုင်ထိုးသတ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အိုလက်ဆန်းဒါးယူဆစ်ဟာ ယူကရိန်းနိုင်ငံကို ပြန်သွားခဲ့တာကြောင့် ဂျိုရှူယာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် မကျေပွဲဟာ ထိုးသတ်ဖို့ မသေချာသေးတာကြောင့် ဂျိုရှူယာအနေနဲ့ အခြားသော ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ဆွီဒင်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား အော့တိုဝယ်လင်နဲ့ ယှဉ်ပြိုင် ထိုးသတ်သင့်တယ်လို့ ဆွီဒင်နိုင်ငံရဲ့ ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲ စီစဉ်သူက အကြံပြုခဲ့တာလည်း ဖြစ်ပါတယ်။

 

ငွေကြယ်