ဂျိုးဘိုင်ဒန်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲကို အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် တက်ရောက်မယ်

၆ ဇန်နဝါရီ

 

 

ဒီမိုကရက် ပါတီဝင် ဂျိုး ဘိုင်ဒန် နဲ့ ကာမလာ ဟဲရစ် တို့ရဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ကျမ်းကျိန်ပွဲ အခမ်းအနားကို ရီပတ်ပလစ်ကန်ပါတီဝင်  အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် က တက်ရောက်မှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။

 

 

အိမ်ဖြူတော်မှာ ကျင်းပမယ့် သမ္မတဘိုင်ဒန် နဲ့ ဒုသမ္မတ ဟဲရစ်တို့ရဲ့ ကျမ်းကျိန်ပွဲကို သမ္မတနဲ့ သမ္မတကတော် တို့က တက်ရောက်မှာဖြစ်ကြောင်း၊ အေးချမ်းစွာ အာဏာလွှဲပြောင်းပေးတဲ့ အမေရိကန် ဒီမိုကရေစီဟာ ဘယ်တော့မှ ဟောင်းနွမ်းမသွားကြောင်း မျက်မြင်သက်သေ အဖြစ်ပါဝင်မှာ ဖြစ်ကြောင်း ဘု့ရှ် ရုံးခန်းရဲ့ အကြီးအကဲက တွစ်တာမှာ ရေးသားထားပါတယ်။

 

 

အခု တက်ရောက်မယ့် သမ္မတ ကျမ်းကျိန်ပွဲဟာ ဘု့ရှ် အတွက် (၈)ကြိမ်မြောက် တက်ရောက်တဲ့ အခမ်းအနား ဖြစ်ပါတယ်။

 

 

အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် ဟာ ရီပက်ပလစ်ကန် ပါတီဝင် သမ္မတဟောင်းအဖြစ် နောက်ဆုံး အသက်ရှင် ကျန်ရှိသူ ဖြစ်ပါတယ်။

 

 

ရီပက်ပလစ်ကန် ပါတီဝင် သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

 

 

ဇန်နဝါရီ ၆ ရက်နေ့မှာ အိမ်ဖြူတော်တွင် ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း အောက်လွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကို ဒုသမ္မတ မိုက်ခ် ပန့်စ် လည်း တက်ရောက်မယ်လို့ သိရပါတယ်။

 

 

ရီပက်ပလစ်ကန် အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် က ဒီမိုကရက်ပါတီဝင် အနိုင်ရ သမ္မတ ဂျိုးဘိုင်ဒန် အား ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဖုန်းဆက်ပြောကြားခဲ့ပါတယ်။ 

 

 

MDN

ကိုးကား - AFP

mdn