ဂီနီနိုင်ငံ၌ ရွှေတွင်းမြေပြိုမှုကြောင့် လူရှစ်ဦး သေဆုံး

အောက်တိုဘာ ၇

 

ဂီနီနိုင်ငံအရှေ့မြောက်ပိုင်း စီဂူရီဒေသတွင် ယမန်နေ့က ရွှေတွင်းတစ်တွင်း မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူ ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

နိုရတ်ဆိုဘာမြို့၏တာဝန်ရှိသူတစ်ဦးဖြစ်သူ ဖာတိုမာတာထရာရီက ထိုမြေပြိုမှုကြောင့် ရှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းထောက်များကို ပြောကြားသည်။

 

အဆိုပါထိခိုက်ဒဏ်ရာရသူများကို ဒေသန္တရဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ထိုဆေးရုံတွင်ကုသမှုခံယူလျက်ရှိကြောင်း ဖော်ပြထားသည်။

 

ထိုဒဏ်ရာရရှိသူလေးဦးအနက် တစ်ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် ကန်ကန်ဒေသန္တရဆေးရုံသို့ ပြောင်းရွှေ့ ကုသပေးခဲ့သည်ဟု ၎င်းကဆိုသည်။

 

ဂီနီနိုင်ငံအရှေ့မြောက်ပိုင်းသည် ရွှေသယံဇာတကြွယ်ဝသည့်ဒေသဖြစ်သည်။ စီဂူရီပြည်နယ်တွင် တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်းများကြောင့် မကြာခဏ မြေပြိုမှုများဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို