ဂေါ်ဖီထုပ်နှင့် အသားလုံး အရည်သောက်ချက်

ဂေါ်ဖီထုပ်ရဲ့ သဘာဝအချို၊ ခရမ်းချဉ်သီးရဲ့ အချဉ်ဓာတ်နဲ့ ဟင်းရည်ရဲ့ အမယ်စုံ ပေါင်းစပ် အရသာကြောင့် ဒီအရည်သောက်ဟင်းဟာ ကလေးတွေလည်း ကြိုက်ကြတဲ့ ဟင်းတစ်ခွက်ပါပဲ။

 

ပါဝင်ပစ္စည်းများ (၂ ဦးစာ)

 

အသားလုံးအတွက် ရောစပ်ရန်

 

စဉ်းထားသည့်အသား ၁၀ဝ ဂရမ် (ဝက်သားနှင့် အမဲသားအရော)

 

ကြက်သွန်နီ တစ်စိတ် 

 

Panko ပေါင်မုန့်အသားမှုန့် အခြောက်  ၅ ဂရမ်

 

နွားနို့       စားပွဲဇွန်း  ၁ ဇွန်း

 

ကြက်ဥ တစ်လုံးကို ခေါက်ပြီး ၄ပုံတစ်ပုံစာ

 

ဆား  အနည်းငယ်

 

ငရုတ်ကောင်းမှုန့် အနည်းငယ်

 

ရောစပ်ရန်

 

ကြက်သွန်ဖြူ တစ်မြွှာ (နုပ်နုပ်စဉ်းပါ။)

 

ဂျင်းတစ်တက်  (နုပ်နုပ်စဉ်းပါ။)

 

ဇီယာစေ့  စားပွဲဇွန်း တစ်ဇွန်း

 

အခြားအမယ်များ

 

ဂေါ်ဖီထုပ် တစ်စိတ် ( ၃၀ဝ ဂရမ် ခန့်)

 

ကြက်သွန်နီ တစ်လုံး

 

ခရမ်းချဉ်သီး တစ်လုံး

 

မဆလာမှုန့်  စားပွဲဇွန်း ၂ဇွန်း

 

စွပ်ပြုတ်ရည် ၄၀ဝ မီလီလီတာ

 

Worcestershire ဆော့စ် စားပွဲဇွန်း  ၂ ဇွန်း

 

ဟင်းရွက်ဆီ စားပွဲဇွန်း  ၁ ဇွန်း

 

ဆား အနည်းငယ်

 

ငရုတ်ကောင်းမှုန့် အနည်းငယ်

 

ထောပတ်    စားပွဲဇွန်း  တစ်ဝက် 

 

ပြုလုပ်ပုံ

 

၁။ အသားလုံး ရောစပ်ရန်အတွက် ကြက်သွန်ကို နုပ်နုပ်စဉ်းပါ။ အိုးတစ်လုံးထဲတွင် ထောပတ်ကို အပူပေးပြီး  မီးအပူချိန် အသင့်အတင့်နဲ့ ကြက်သွန်တွေ အရောင်ပြောင်းသွားသည့်အထိ ကြော်ပါ။ ထို့နောက် ပန်းကန် တစ်ချပ်ထဲတွင် ဖြန့်ထည့်ပြီး အအေးခံထားပါ။ ပေါင်မုန့်အစ အခြောက်တွေ ပျော့သွားအောင်  နွားနို့ လောင်းထည့်ပါ။

 

၂။ ဇလုံတစ်ခုထဲမှာ စဉ်းထားတဲ့အသားနဲ့ ခေါက်ထားတဲ့ ကြက်ဥကို ထည့်ပါ။ ပေါင်မုန့်ခြောက် အပျော့ကို ထည့်ပါ။ ထို့နောက် ဆီပူထိုးကြော်ထားသည့် ကြက်သွန်နီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပြီး သမအောင်နယ်ပါ။

 

၃။ ဂေါ်ဖီထုပ်အရွက်တွေကို တစ်ရွက်စီ ခွာထုတ်ပြီး ရိုးတံတွေကို ဖယ်ပါ။ ရိုးတံတွေကို  ခပ်ပါးပါးလှီးပါ။ အရွက်ကို  ခပ်ကြီးကြီး အပိုင်းလေးတွေ ပိုင်းပါ။ ကြက်သွန်နီကိုလည်း ၈ စိတ်စိတ်ပါ။ ခရမ်းချဉ်သီးကိုလည်း အူတိုင်နှင့် အစေ့ကိုဖယ်ပြီး တစ်ကိုက်စာအရွယ် အပိုင်းလေးတွေ ပိုင်းပါ။

 

၄။အိုးတစ်လုံးထဲမှာ ဟင်းရွက်ဆီနှင့် ရောစပ်ရန် အမယ်တွေကို ထည့်ပြီး မီးအသင့်အတင့်ဖြင့် မွှေကြော်ပါ။ အနံ့သင်း လာသည့်အခါ ကြက်သွန်နီနှင့် ဂေါ်ဖီကိုထည့်ပြီး  မွှေကြော်ပါ။ ထို့နောက် မဆလာမှုန့် ထည့်ပြီး မွှေကြော်ပါ။

 

၅။ ထို့နောက် စွပ်ပြုတ်ရည် လောင်းထည့်ပြီး မီးအပူချိန်ကို မြှင့်ပါ။ ဟင်းရည် ဆူပွက်စပြုလာသည့်အခါ  ခရမ်းချဉ်သီး ထည့်ပါ။ ထို့နောက် အသားလုံးတွေကို တစ်ကိုက်စာအရွယ် ဇွန်းနဲ့ ကော်ပြီး  ဟင်းရည်ထဲ ထည့်ပါ။

 

၆။ ထို့နောက် ဆော့စ် ထည့်ပါ။ အသားလုံးများ ကျက်သွားသည့်အခါ ဆားနှင့် ငရုတ်ကောင်းမှုန့်ကို လိုသလိုထည့်ပါ။

 

ကိုးကား_ NHK