ဂေါ်ဖီနှင့် ပဲပြား ခါးပတ်လုံးကြော်

ဂေါ်ဖီ၊ ပဲပြား နှင့် တူနာငါးအသား သုံးမျိုးပေါင်းရဲ့ ထူးခြားတဲ့ အရသာကြောင့် ခံတွင်းတွေ့စေမယ့် ဟင်းတစ်ခွက်ပါပဲ။

 

ပါဝင်ပစ္စည်းများ  (  ဦးစာ)

 

ဂေါ်ဖီ    ၁၂၀ ဂရမ်

 

Momemdofu ပဲပြား တစ်ဝက်  ၂၀ဝ ဂရမ်

 

တူနာငါးဗူး တစ်ဗူး (ဆီစိမ်၊ အသေး)   ၈၀ ဂရမ်

 

ဂျင်း တစ်တက် ( ခြစ်ထားပါ)

 

ကြက်ဥ တစ်လုံး (အသေး)

 

Japanese  mustard  ဆော့စ်(လိုအပ်သလောက်)

 

ပဲငံပြာရည်  ( လိုအပ်သလောက်)

ဆား

 

ငရုတ်ကောင်းမှုန့်  အနည်းငယ်

 

ဟင်းရွက်ဆီ

 

ပြုလုပ်ပုံ

 

၁။ ပဲပြားတုံးကို ပိတ်ပါးစနဲ့ ပတ်ပြီး  အလေးတုံးနဲ့ ဖိကာ ရေစစ်ထားပါ။ တူနာငါးအသားတွေကိုလည်း ဆီစစ် ထားပါ။

 

၂။ဂေါ်ဖီတွေကို ခပ်နုပ်နုပ်စဉ်းပါ။ထို့နောက် ဆား စားပွဲဇွန်း ၁/၄ ဇွန်း ဖြူးပြီး ခွက်တစ်ခုထဲမှာ ထည့်ထားပါ။

 

၃။ ပဲပြားကို ချေပြီး ဇလုံတစ်ခုထဲ ထည့်ပါ။ ဂေါ်ဖီကို ရေညှစ်ပြီး ဇလုံထဲ ထည့်ပါ။ ငါးအသား၊ ဂျင်း၊ ခေါက်ထား သည့် ကြက်ဥအရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပြီး  သမအောင် နယ်ပါ။ ထို့နောက်  ခါးပတ်လုံး ခြောက်လုံး  အရွယ်ညီအောင် လုံးပါ။

 

၄။ အကြော်အိုးထဲမှာ ဟင်းရွက်ဆီထည့်ပါ။ တစ်စင်တီမီတာအမြင့်ထိရောက်အောင် ဆီထည့်ပါ။ ဆီပူလာပါက ခါးပတ်လုံးများကို ထည့်ပြီး  မျက်နှာပြင်နှစ်ဖက်စလုံး ရွှေညိုရောင် သန်းလာသည်အထိ ကြော်ပါ။

 

၅။ ပန်းကန်ပြားထဲမှာ အကြော်တွေထည့်ပြီး တို့နှစ်စားစရာအဖြစ် ပန်းကန်အသေးလေးထဲမှာ ပဲငံပြာရည်နှင့် မုန်ညင်းစေ့ဆော့စ်ကိုထည့်ပါ။

 

ကိုးကား- NHK