ဂျော်ဒန်နိုင်ငံက Pfizer ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁ သန်း မှာယူထားကြောင်း ကြေညာ

၂၉ ဒီဇင်ဘာ

 

 

ဂျော်ဒန်နိုင်ငံက Pfizer-BioNTech မှာထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ၁ သန်း မှာယူထားကြောင်း၊ ဇန်နဝါရီလကုန်ပိုင်း သို့မဟုတ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကာကွယ်ဆေး ပထမအသုတ်ရရှိရန် မျှော်လင့်ကြောင်း တနင်္လာနေ့မှာ ကြေညာပါတယ်။

 

 

ဂျော်ဒန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၈၉,၇၄၈ ဦးရှိပြီး သေဆုံး ၃,၇၇၈ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

လူဦးရေ ၁၁ သန်း နေထိုင်တဲ့ ဂျော်ဒန်နိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး ရရှိရန် ကြိုးစားနေကြောင်း၊ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ကာကွယ်ဆေးဟာ ၂ ဒသမ ၂ သန်း သော လူဦးရေအတွက် လိုအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးက နိုင်ငံပိုင်သတင်းစာကို ပြောကြားပါတယ်။

 

 

Pfizer-BioNTech မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုခွင့်ရှိကြောင်း ဂျော်ဒန်အစိုးရက ဒီဇင်ဘာလလယ်ပိုင်းက ကြေညာခဲ့ပါတယ်။ တခြားဆေး ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေ ရရှိရေးအတွက်လည်း လုပ်ဆောင်နေကြောင်း ဝန်ကြီးက ထည့်သွင်း ပြောကြားပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား ဦးစားပေးအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အသက် ၆၀ ကျော်တွေနဲ့အတူ အဆုတ်ရောဂါရှိသူတွေအား ဦးစားပေး ထိုးနှံပေးမယ့်လို့  ထုတ်ပြန်ခဲ့ပါတယ်။

 

 

MDN

ကိုးကား- AFP

mdn