G-20 ဝန်ကြီးများ ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ဆွေးနွေးမည်

ဂျီ-၂၀ထိပ်သီးအစည်းအဝေးပွဲတွင် ဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကိစ္စများကို သီးခြားကဏ္ဍသတ်မှတ်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။ 

 

တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးကဏ္ဍလွှမ်းခြုံရန် သို့မဟုတ် UHC အောင်မြင်ရန်အတွက် ဂျီ-၂၀ထိပ်သီးအစည်းအဝေးပွဲတွင် ဘဏ္ဍာရေးနှင့် ကျန်းမာရေးအာဏာပိုင်များအကြား ဆက်ဆံရေးခိုင်မာစေရန် အတွက် ဂျပန်နိုင်ငံက တောင်းဆိုရန် စီစဉ်နေလျက်ရှိသည်။ 

 

ကမ္ဘာ့ဘဏ်မှ ကျန်းမာရေးစနစ်များတွင် ပိုမိုပံ့ပိုးရန် အာရုံစူးစိုက်ခြင်းကြောင့် UHC မှ လျင်မြန်စွာ ကြိုးစားနိုင်မှ  ၂၀၃၀ ပြည့်နှစ်တွင် တိုးတက်မှုများဖြစ်ပေါ်နိုင်မည်ဟု ကမ္ဘာ့ဘဏ်အကြီးအကဲဖြစ်သူ Kristalina Georgieva က ပြောကြားခဲ့သည်။ 

 

ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် တင်းကျပ်သော အစိုးရဘတ်ဂျက်များကြောင့် ပြည်သူများ၏ ကျန်းမာရေး အာမခံစနစ်များကို ငွေကြေးပံ့ပိုးရန် ငွေကြေးမရှိမှု မကြာခဏဆိုသလို ဖြစ်စေသည်။ ရလဒ်မှာ လူပေါင်းများစွာမှာ ဆေးကုသမှုမခံယူရခြင်း သို့မဟုတ် ဆင်းရဲတွင်းနက်ကုန်ကြသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်