FACEBOOK အချက်အလက်ပေါက်ကြားမှု ပထမအကြိမ်အစီရင်ခံချက်ထက် ပိုမိုများပြားနေကြောင်းတွေ့ရ

၅ ဧပြီ

 

အချက်အလက်ပေါက်ကြားသူတွေ အရေအတွက်ဟာ ပထမအကြိမ်အစီရင်ခံချက်ထက် ပိုများနေတယ်လို့ Facebook အာဏာပိုင်တွေက ပြောပါတယ်။ အချက်အလက်ပေါက်ကြားသူအရေအတွက်ဟာ သန်းပေါင်း ၅၀ နေ ၈၇ သန်းအထိ မြင့်တက်လာပြီး အများစုဟာ အမေရိကန်လူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။

 

အက်ပလီကေးရှင်းတစ်ခုအသုံးပြုပြီး Facebook အသုံးပြုသူတွေရဲ့ အပြုအမူအလေ့အထတွေနဲ့ ကိုယ်ရေး အချက်အလက်တွေကို အခွင့်မရှိဘဲရယူနေတာကို တွေ့ရှိရကြောင်း  ကိန်းဘရစ်ချ် ဆန်းစစ်လေ့လာရေး ဗြိတိန် ကုမ္ပဏီက ဆိုပါတယ်။၂၀၁၆ ခုနှစ်က ထရမ့်ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာလည်း အဲဒီ အချက်အလက်တွေကို အသုံးပြုမှုရှိခဲ့ကြောင်း  အခိုင်အမာပြောဆိုနေကြတာဖြစ်ပါတယ်။

 

ဧပြီ ၄ ရက် ဗုဒ္ဓဟူးနေ့ကတော့ Facebook အမှုဆောင်အရာရှိချုပ် မာ့ခ် ဇူကာဘက်ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။ Facebook ရဲ့ အချက်အလက်ကာကွယ်ရေးဟာ မလုံလောက်တော့တဲ့အကြောင်းနဲ့ သူ့မှာသာ တာဝန်ရှိကြောင်း သူက ဝန်ခံပြောဆိုခဲ့တာပါ။

 

ကိုယ်ရေးအချက်အလက်တွေ ကာကွယ်ဖို့အတွက် ကုမ္ပဏီဘက်ကနေ အားထည့်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ဇူကာဘက်က ပြောကြားခဲ့ပါတယ်။ သူဟာ အမှုဆောင်အရာရှိအနေနဲ့ ဆက်လက် ရှိနေမှာဖြစ်ကြောင်းလည်း သိရပါတယ်။ဇူကာဘက်ဟာ လာမယ့်သီတင်းပတ်မှာ လွှတ်တော်ကော်မတီ မတိုင်မီ အချက်အလက်တွေနဲ့ သက်သေခံသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

 

(MDN) 

ကိုးကား-အင်န်အိတ်ချ်ကေ