FA ဖလား ပဉ္စမအဆင့်တွင် နယူးပို့တ်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး မန်စီးတီးအသင်း ကွာတားဖိုင်နယ်တက်ရောက်

mdn

၁၇ ဖေဖော်ဝါရီ


FA ဖလား ပဉ္စမအဆင့်ပွဲစဉ်များကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပြီး နယူးပို့တ်အသင်းနှင့် မန်စီးတီးအသင်းတို့၏ ပွဲစဉ်တွင် မန်စီးတီးအသင်းက လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သည်။ 

 

နယူးပို့တ်အသင်း၏ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မန်စီးတီးအသင်းသည် ပထမပိုင်းတွင် အိမ်ရှင် နယူးပို့တ်အသင်း ကစားပုံကောင်းမွန်မှုကြောင့် ဂိုးရရှိဖို့အတွက် ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံကောင်းပြသကာ ဂိုးများဆက်တိုက် သွင်းယူနိုင်ခဲ့သည်။ 


မန်စီးတီးအသင်းအတွက် သွင်းဂိုးများကို ၅၁ မိနစ်မှာ ဆာနေး၊   ၇၅ မိနစ်နှင့် ၈၉ မိနစ်တွင် ဖိုဒန်၊ နာကျင်အချိန်ပိုတွင် မာရက်ဇ်တို့က သွင်းယူပေးခဲ့ကြသည်။ နယူးပို့တ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၈ မိနစ်တွင် အမွန်းက သွင်းယူခဲ့သည်။ 

FA ဖလား (ပဉ္စမအဆင့်) ပွဲရလဒ်များ


ဘရိုက်တန် ၂ - ၁ ဒါဘီ
ဝင်ဘယ်လ်ဒန် ဝ - ၁ မီဝေါလ်
နယူးပို့တ်  ၁ - ၄ မန်စီးတီး