FA ဖလား ဗိုလ်လုပွဲအဆင့်သို့ မန်စီးတီး တက်ရောက်

mdn

၇ ဧပြီ

 

FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်စီးတီးအသင်းက ဂျေဆူး၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


 
ယခုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ  အဓိကအမှာခံကစားသမားများနှင့် ပွဲထွက်လာခဲ့သလို ပွဲကစားချိန် ၄ မိနစ်တွင် ဂျေဆူး ၏ သွင်းဂိုးဖြင့် ပထမပိုင်းကို ဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ချေပဂိုးပြန်လည်ရရှိဖို့ ကြိုးစားခဲ့သည့် ဘရိုက်တန်အသင်း၏ ဖိအားပေးမှုတွေကြောင့် မန်စီးတီး အသင်းအခက်တွေ့ခဲ့ရသော်လည်း အကောင်းဆုံးပုံစံဖြင့် ပွဲပြီးဆုံးချိန်အထိ ထိန်းချုပ် ကစားနိုင်ခဲ့သဖြင့် ပွဲအပြီးမှာ မန်စီးတီးအနိုင်ရခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ 

 

မန်စီးတီးအသင်းအနေဖြင့် ယခုနှစ်ရာသီတွင် တစ်ရာသီအတွင်း ဆုဖလား လေးလုံးရယူနိုင်မည့် အိမ်မက်မှာ တဖြည်းဖြည်းဖြင့် အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သည်။ 

MDN