ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၌ ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်ပြည်သူ့ဆေးရုံတွင်ဆေးသိုလှောင်ရုံ၊ ခွဲစိတ်ဆောင်အဆောက်အဦအား ကြည့်ရှု

ရေကြည်  သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည်ယနေ့နံနက် (၈)နာရီက ရေကြည် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံနှင့် ခွဲစိတ်ဆောင် အဆောက်အဦ အသစ်အား ကြည်ရှု့ကာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအေးအေးလင်းအား အောက်စီဂျင်ရရှိနိုင်မှု အခြေအနေအား မေမြန်း၍ လိုအပ်သည်များကိုမှာကြားခဲ့သည်။ 

ဆက်လက်၍ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာများအားလိုက်လံကြည့်ရှု့၍ အားပေးစကား ပြောကြားခဲ့ ကြောင်းသိရသည်။ ထို့နောက် အ-ထ-က(မြို့မ)ကျောင်း၌ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကိုကြည့်ရှုကာ ဆေးလာရောက်ထိုးနှံပြီး၍ နာရီဝက်စောင့်ဆိုင်းနေသော မိဘပြည်သူများကို ရေသန့်ဘူး၊ ကြက်ဥပြုတ် နှင့် နို့မှုန့်ထုတ်များပေးဝေခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး လုပ်ငန်းခွင်အားကြည့်ရှု၍ ဝန်ကြီးချုပ်မှ မြို့သူမြို့သားများ အထူးလိုအပ်လျှက်ရှိသော အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက်လည်းအလှူငွေများထည့်ဝင်လှူဒါန်းခဲ့သည်။ 

အဆိုပါ ရေကြည်မြို့နယ်တွင် အောက်စီဂျင်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက် လျှက် ရှိရာ လာမည့် စက်တင်ဘာ ၂၀ ရက်တွင် စတင်လည်ပတ်မည် ဖြစ်သည့်အတွက ရေကြည်မြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့်   ကိုဗစ် ၁၉ ရောဂါနှင့် ပတ်သက်၍ ကုသရေးဆိုင်ရာ လုပ်ငန်းတွေမှာ အဓိက လိုအပ်ချက်ဖြစ်သည့်အောက်စီဂျင်ကို ပြတ်လပ်မှုမရှိစေရေးနှင့်လုံလောက်စွာရရှိနိုင်ရေးအတွက်မြို့မိ မြို့ဖများက ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

 အောင်သူဟန်  (ပြန်/ဆက်)