ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပ

ပုသိမ်    ၁၉     စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ စက်တင်ဘာလ (၁၈)ရက်နေ့၊ ညနေ (၁၆၀ဝ)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု လျော့နည်းကျဆင်းရေးအတွက် အဆင့်ဆင့်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာစသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး လူကုန်ကူးမှုနှင့် ပတ်သက်သည့် သတင်းများကို ပြည်သူများက ဆက်သွယ်ပေးပို့နိုင်မည့် နည်းလမ်းရှိရန်လည်း လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များအားလုံး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နိဂုံချုပ်စကား ပြောကြားခဲ့သည်။  အဆိုပါ အစည်းအဝေးအား လစဉ်ပုံမှန် ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြန်/ဆက်မှ သိရသည်။

 

MDN