ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ကျိုက်လတ် ကလေးစာပေပွဲတော် တက်ရောက်ဖွင့်လှစ်

ကျိုက်လတ်   ၁၈   နိုဝင်ဘာ   

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပ သော ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက် လတ်) ကျောင်း မုခ်ဦးရှေ့၌ ကျင်းပသည်။

 

a

 

ရှေးဉီးစွာ  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်  အစိုးရ အဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျိုက်လတ်မြို့နယ် လူရည်ချွန် မောင်ကျော် ဇေယျ တို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို အစိုးရစက်မှုလက်မှုသိပွံကျောင်း စုဝေးခန်းမ၌ ကျင်းပရာ အ.ထ.က(၁) ကျိုက်လတ် ကျောင်းသား/ ကျောင်းသူလေးများမှ ကလေးစာပေ ပွဲတော်သီချင်း (Theme Song) သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် က ယနေ့ကျိုက်လတ်မြို့နယ် ကလေး စာပေပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာ ရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲရန်၊ စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင်တတ်သည့် အလေ့အထကောင်း များ ဖြစ်လာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦး ရွက်ပြုသူများ ဖြစ်လာစေရန် စသည့်  ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိမိတို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် (၂၆) မြို့နယ်တွင် ကလေးစာပေပွဲတော်များ ဆောင်ရွက်လျက်ရှိရာ ချောင်းသာ၊ ဇလွန်၊ အိမ်မဲ၊ ဓနုဖြူ မြို့နယ် (၄) မြို့နယ်၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မြို့ရွာမကျန် ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်ကို တွေ့ရ ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဝမ်းသာပီတိဖြစ်ရပါကြောင်း။

 

a

 

ယခုလို ကလေးစာပေပွဲတော်များ ကျင်းပ ပေးရသည့်အတွက် ကလေးများ၏ အနာဂတ်ကို ထုဆစ်ပုံဖော်မှုနှင့် ကလေးများ၏ ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက် လာစေရန် စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တတ်စွမ်းသရွေ့ တည်ဆောက် အကောင်အထည်ဖော် ပေးခြင်းလည်း ဖြစ်ပါကြောင်း၊  ကလေးများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပြီး  ဒါမှ နိုင်ငံ၏ အနာဂတ်တွင် စိတ်အေးချမ်းသာ နေနိုင်မည်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနြေဖင့် နိုင်ငံ၏ အနာဂတ် မျိုးဆက်သစ် များအတွက် ရည်ရွယ်ချက် ကောင်းများနှင့် အကောင်အထည်ဖော် ဆောင်ပေးသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မိမိရပ်ရွာဒေသကို အကျိုးပြုကြသော ငွေအား၊ လူအား ကူညီဆောင်ရွက်ပေးသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း   ပြောကြား သည်။ဆက်လက်၍  ကျောင်းသား/ ကျောင်းသူများက ဖျော်ဖြေရေး သီချင်းများဖြင့် သီဆို ဖျော်ဖြေကြရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဂုဏ်ပြု ငွေများ ချီးမြှင့်သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလေးစာပေပြပွဲ ပြခန်း များနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုရာ ထူးချွန်ထင်ရှား ဧရာဝတီတိုင်း သားများ ပြခန်း၌  ကြည့်ရှုနေသော ကလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှ ပေါ်ထွန်းခဲ့သော ထူးချွန်ထင်ရှားသူများ အကြောင်း ပြောကြား၍ ၎င်းတို့အား အားကျအတုယူပြီး အနာဂတ်တွင် ထူးချွန်သူများ ဖြစ်လာအောင် ကလေးများအား စိတ်ဓာတ်မြှင့်တင် အားပေးစကား ပြောကြားသည်။

အဆိုပါကလေးစာပေပွဲတော်အား နိုဝင်ဘာ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)