ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ဝါးခယ်မ ၅  ဧပြီ

 

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါးခယ်မမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဧပြီ ၄ ရက် နံနက် ၁၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အောင်ဇေယျ ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

113354

 

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ပြင်ဆင်  ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ရန်ပုံငွေ ကျပ်သိန်း ၁၂၀ နှင့် နှာခေါင်းစည်း(mask) စုစုပေါင်း ခုရေ ၈၀ဝ၊ မြို့နယ် ပညာရေးဝန်ထမ်းများမှ လှူဒါန်းငွေကျပ် ၂၁၆၈၅၀ဝ  ၊ မြို့နယ် သမဝါယမ ဦးစီးဌာနနှင့် အသင်းစုမှ လှူဒါန်းငွေကျပ် ၆ သိန်း တို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင်က လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)