ဒုတိယဝန်ကြီး ဦးကြည်မင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Wordpress Content Management System User Training သင်တန်းဖွင့်ပွဲတက်ရောက်

နေပြည်တော်  ၃  နိုဝင်ဘာ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Wordpress Content Management System User Training သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး လောကနတ်ခန်းမ၌ ကျင်းပသည်။

 

a

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အများပြည်သူများသိရှိနိုင်ရန် ဝန်ကြီးဌာန၏ ဝဘ်ဆိုက်စာမျက်နှာကို www.moculture.gov.mm လိပ်စာဖြင့် လွှင့်တင် ထားပါကြောင်း၊ ဝန်ကြီးဌာန၏ ဝဘ်ဆိုက်စာမျက်နှာကို ပိုမိုပြည့်စုံသော သတင်းအချက် အလက်များနှင့် ဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် ယခုသင်တန်းသို့ တက်ရောက်လာ ကြသော ဝန်ထမ်းများအနေဖြင့် စနစ်တကျ နားလည်တတ်မြောက်အောင် သင်တန်းကာလ အတွင်း ကြိုးစားသင်ယူသွားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပါက မိမိတို့ လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်ဝေမျှသင်ကြားပေးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

အဆိုပါသင်တန်းသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန များနှင့် တက္ကသိုလ်တို့မှ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ဌာနများအလိုက် လွှင့်တင်သွားနိုင်ရန် ရည်ရွယ်၍ MCC ကုမ္ပဏီက သင်တန်းပို့ချပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)