ဒုတိယဝန်ကြီး ဦးဆက်အောင် အီဂျစ်နိုင်ငံ သမ္မတဟောင်း Mr. Muhammad Hosni El Sayed Mubarak ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

ရန်ကုန် ၆ မတ်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်သည် အီဂျစ်နိုင်ငံ သမ္မတဟောင်း Mr. Muhammad Hosni El Sayed Mubarak ကွယ်လွန်သွား သည့်အတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်း၊ အမှတ် ၈၁ ရှိ မြန်မာနိုင်ငံ ဆိုင်ရာ အီဂျစ်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ ယနေ့မွန်းလွဲ ၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။

 

mdn

 

အီဂျစ်နိုင်ငံ၏ သမ္မတဟောင်း Mr. Muhammad Hosni El Sayed Mubarak သည် ကွယ်လွန်ချိန်၌ အသက် ၉၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

 သတင်းစဉ်