ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် စုပေါင်းစက်ဘီးစီးပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ရန်ကုန်  ၁၈   ဩဂုတ် 

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့်  မဟတ္တမဂန္ဓီ၏ နှစ်(၁၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် Cycling for Peace စုပေါင်းစက်ဘီးစီးအခမ်းအနားကို ယနေ့နံနက်(၆)နာရီက ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံ၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမားနှင့်  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က အမှာစကားပြော ကြားကြပြီး မဟတ္တမဂန္ဓီ၏ နှစ်(၁၅၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးပျံပူဖောင်းလွှတ် တင်ပြီး စုပေါင်း စက်ဘီးစီးနင်းပွဲကို တာလွှတ်ပေးသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် အောင်ဆန်းကွင်း မိုးလုံလေလုံ အားကစားရုံ၌ကျင်းပနေသည့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် တံခွန်စိုက်ဖလား အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။ 


(သတင်းစဉ်)

 

4