ဒုတိယသမ္မတ ဦးမြင့်ဆွေ စတုတ္ထအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs)၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 

နေပြည်တော် ၂၉ ဇွန်

 

စတုတ္ထအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း များ(MSMEs)၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ပြိုင်ပွဲ (၂၀၁၈) ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပ ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် ဥပဒေချုပ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ချုပ်နှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင် မှုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် MSMEs များ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ပြိုင်ပွဲ (Regional Award) များကို အလှည့်ကျ ကျင်းပ လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် ပြပွဲပြိုင်ပွဲသည် စတုတ္ထ အကြိမ်မြောက် ဖြစ်ပါ ကြောင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ MSMEများ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ထုတ်ကုန်များ အရည်အသွေး မြှင့်တင်နိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရေး အတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

 

ပထမ၊ ဒုတိယနှင့် တတိယအကြိမ် MSMEs များ၏ ဒေသတွင်း ထုတ်ကုန် ပစ္စည်းများပြပွဲပြိုင်ပွဲများကို မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် စတုတ္ထ အကြိမ် ပြပွဲပြိုင်ပွဲပြီးပါက ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ယခုကဲ့သို့ MSMEs ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ (Regional Award) များကို အလှည့်ကျ ဆက်လက် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် ပြိုင်ပွဲများတွင် ဆုများကို Micro၊ Small နှင့် Medium စသဖြင့် လုပ်ငန်း အရွယ်အစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး များနှင့် ပြည်နယ်များတွင် ဒေသအဆင့် ပြပွဲပြိုင်ပွဲများ ကျင်းပပြီးစီးပါက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် တစ်တိုင်းပြည်လုံး အတွက် ကိုယ်စားပြုသည့် National Award ပြိုင်ပွဲကို ကျင်းပပြု လုပ်သွားမည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်၍ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ဒေသတွင်း MSMEs များ အနေဖြင့် မိမိဒေသအရောက် လာရောက်ပြုလုပ်သည့် MSMEs ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲနှင့် အတူပေးလာသည့် အခွင့်အရေးကို မိမိရရ ရယူနိုင်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ပါ ကြောင်း၊ ဒေသတွင်းမှာရှိသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေ ဖြင့် မိမိတို့လုပ်ငန်းများ၊ ထုတ်ကုန်များ၏ ထူးခြားချက်၊ အားသာချက်များကို ဖော်ထုတ် ပြသ နိုင်ခွင့်ရမည်ဖြစ်ပြီး မိမိဒေသ၏ ထုတ်လုပ်နိုင်မှု အခြေအနေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများကို လာရောက်ကြည့်ရှုသူများ နှစ်ခြိုက်သုံးစွဲလာအောင် ဆွဲဆောင် ရှင်းလင်း ပြသခွင့်ရသည့် အခွင့်အရေးကြီး တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မိမိ ထုတ်ကုန်လုပ်ငန်း နှင့် သက်ဆိုင်သည့်နည်းပညာများ၊ ဈေးကွက်များ ရရှိနိုင်သည့်အပြင် အရည်အသွေး မြှင့်တင်နိုင်ရန်အတွက် အခွင့်အလမ်းများ၊ အတွေးအခေါ်ကောင်းများ နှင့်အသိအမြင် များလည်း ရရှိလာနိုင်မည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSMEs လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းများအဖြစ် အားပေး ဆောင်ရွက်လျက်ရှိရာတွင် ပြည်ပက တင်သွင်းလာသည့် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်နှင့် ဈေးကွက် တိုးချဲ့နိုင်စေရန်ရည်ရွယ်ပြီး လူစွမ်းအား အရင်းအမြစ်မြှင့်တင်ခြင်း၊ နည်းပညာ လွှဲပြောင်းခြင်း၊ ဈေးကွက်က တောင်းဆိုသည့် ဝန်ဆောင်မှုနှင့် အရည်အသွေးများကို နားလည် စေခြင်းစသည့် ပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

MSMEs ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲကျင်းပချိန်တွင် လုပ်ငန်းရှင်များ အနေဖြင့် တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အပြန်အလှန် ဆွေးနွေး ခြင်းအားဖြင့် လိုအပ်သည့်နည်းပညာများ၊ သတင်းအချက်အလက်များနှင့် ဈေးကွက် များရရှိနိုင်ပြီး ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ဖြေရှင်းနိုင်ရန် အထောက် အပံ့များစွာရရှိ နိုင်မည် ဖြစ်ပါကြောင်း။

 

MSMEs အများစုသည် လုပ်ငန်းသေးငယ်သော်လည်း မိမိတို့ ဒေသတွင်းက အလားအလာရှိသည့် အရင်းအမြစ်များ၊ ယဉ်ကျေးမှုများ၊ လယ်ယာထွက်ကုန်ကြမ်း များနှင့် စွန့်ပစ်ပစ္စည်းများကို မိမိတို့မှာရှိသည့် တီထွင်ဖန်တီးမှုများ၊ ဆန်းသစ်သည့် စိတ်ကူးများဖြင့် ထုတ်ကုန်သစ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဈေးကွက်လိုအပ် ချက်အတိုင်း ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းသေးငယ်ကြသည့် အတွက် ဈေးကွက် လိုအပ်ချက်အရ ပြုပြင်ပြောင်းလဲရန် လွယ်ကူပြီး ဆုံးရှုံးမှုပမာဏလည်း အလွန်နည်းပါကြောင်း။

 

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက ထားဆောင်ရွက်သည့် ပြည်နယ်များဖြစ်ပြီး စိုက်ပျိုးရေး ထွက်ကုန်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိပါကြောင်း၊ သာယာလှပသည့် ယဉ်ကျေးမှု နယ်မြေများနှင့် သဘာဝရှုခင်းများ၊ ထူးခြားသည့် ဘုရား စေတီ ပုထိုးများ၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေ အနှစ်များကလည်း ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့နေရပါကြောင်း၊ အခြေခံ အဆောက်အအုံများနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လျှပ်စစ်ဓါတ်အား ဖူလုံစွာ ရရှိမှု၊ မြေ၊ ရေစသည့် အရင်းအမြစ်များ လွယ်ကူစွာရရှိနိုင်မှုနှင့် ငြိမ်းချမ်းစွာ နေထိုင် နိုင်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေ ကောင်းများလည်း ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင်ရှိသည့် MSMEs များအနေဖြင့် မိမိတို့ ထုတ်ကုန်များကို ပြည်တွင်း ဈေးကွက်သာမက အာဆီယံဒေသတွင်း ဈေးကွက်နှင့် နိုင်ငံတကာ ဈေးကွက် အထိ ထိုးဖောက်နိုင်အောင် တဖြည်းဖြည်း တိုးချဲ့သွားနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် MSMEs များ ဖြစ်လာရန်အတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု များ ဆောင်ရွက်ရာတွင် ရှိနေသည့် ရွေ့ပြောင်းမှုစရိတ်များကို လျှော့ချရ မည်ဖြစ်ပြီး အဆင့်အတန်းမြင့်မားကာ ဈေးကွက်က လိုအပ်သည့် အရည် အသွေး၊ အရောင်အဆင်း၊ ထုပ်ပိုးမှုပုံစံနှင့် ဓလေ့ထုံးစံ ကြိုက်နှစ်သက်မှုများကို နားလည် ရန် လိုအပ်ပါကြောင်း။

 

မိမိတို့စီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုများ တွင် Digital နည်းပညာများကိုပါ ထည့်သွင်း ဆောင်ရွက်သွားကြစေ လိုပါကြောင်း၊ Online မှတစ်ဆင့် ကုန်ပစ္စည်းမှာယူခြင်း၊ Order လက်ခံခြင်း၊ ကြော်ငြာခြင်း၊ ငွေပေး ချေခြင်း၊ နည်းပညာ သတင်းအချက်အလက် ရယူခြင်းများကို ခေတ်နှင့် လျော်ညီစွာ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ မိမိတို့၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာရာမှ တစ်ဆင့် ပြည်သူ လူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံ၏ ပိုမိုချဲ့ထွင်လာနေ သည့် စီးပွားရေးဈေးကွက် လိုအပ်ချက်များ၊ တောင်းဆိုမှုများအရ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဖြည့်ဆည်းနိုင်ပြီး အောင်မြင်သည့် MSMEs လုပ်ငန်းများ ပိုမိုများပြား စွာ ပေါ်ပေါက်လာရန် ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက် ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ကော်မတီဝင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ကယားပြည် နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ပါကြောင်းနှင့် MSMEs လုပ်ငန်းများအတွက် ဆောင်ရွက် ပေးနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဝင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည် နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှု၊ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲ ဆောင်ရွက်ထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)၏ တတိယအကြိမ် ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကုမ္ပဏီများက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်များက လက်ခံကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ပြည်နယ် ဝန်ကြီးချုပ်များ နှင့် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်တို့က အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs) ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန် ပစ္စည်းပြခန်းများအား လှည့်လည် ကြည့်ရှုကြသည်။

 

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ တောင်ကြီးမြို့ အသေးစား နှင့် အလတ် စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) တောင်ကြီး ဘဏ်ခွဲ၌ ကျင်းပသည့် SME Center ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယသမ္မတ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့်အတူ SME Center ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ရဟတ်ယာဉ်ဖြင့် ရှမ်းပြည်နယ်၊ ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်အကွာ နမ့်တိန်ချောင်းပေါ်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိကြရာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေက စီမံကိန်း ရည်ရွယ်ချက်၊ စီမံကိန်းဆိုင်ရာအချက် အလက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များနှင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယသမ္မတက စီမံကိန်းလုပ်ငန်းများအား စံချိန်စံညွန်း ပြည့်မီပြီး သတ်မှတ်ချိန်အတွင်းပြီးစီး အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဘဏ္ဍာ ငွေများ အလေအလွင့်မရှိအောင် အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ်စောင့်ကြပ် ကြည့်ရှု စစ်ဆေး သွားရန်နှင့် ဝန်ထမ်းများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် လိုအပ်သည့် သက်သာချောင်ချိရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ရေသွယ်ဥမင်လှိုဏ် တည်ဆောက်နေမှုနှင့် စီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ရောက်ရှိပြီး ရေထိန်း အဆောက်အဦ၊ ရေသွယ်မြောင်းနှင့် စက်ရုံအတွင်း စက်များတပ်ဆင် မောင်းနှင် ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို ကြည့်ရှုသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ရဟတ်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

 

(သတင်းစဉ်)