ဒုတိယမြို့တော်ဝန်ဦးညီညီ ဒလမြို့နယ်နှင့် တွံတေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဧပြီ    ၂၃

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက်ပိုင်းက တွံတေးမြို့နယ်၊ တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ဒလမြို့နယ် ရေပေးဝေရေးစခန်းသို့ သွားရောက်၍ 330 kW Solar Power Plant (PV System) ဆောင်ရွက်ထားရှိမှု၊ Nano Filter  ရေသန့်စင်မှုစနစ်ဖြင့် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ဂါလန်()သိန်းဆံ့ ရေစုကန် ()ကန်နှင့် ရေသန့်စင် စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းသည် အကျယ် ၁၀ ဒဿမ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်း () တွင်း၊ ၁၀ လက်မ အဝီစိတွင်း () တွင်း၊ လက်မ အဝီစိတွင်း () တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်း () တွင်း၊  စုစုပေါင်းအဝီစိတွင်း (၂၀)တို့မှ ရေဂါလန် () သိန်းဆံ့ ရေစုကန်သို့ပေးပို့ပြီး ၎င်းမှတစ်ဆင့် ရေတွန်းစက်()လုံးဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန်()သန်းခွဲ ဖြန့်ဖြူးပေးလျက် ရှိသည်။
 

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်ပေါက်ကျေးရွာအနီး ကျိုက်သလဲ ရေနက်ကွင်းရှိ တွံတေးငါးမွေးမြူရေး စခန်းသို့သွားရောက်၍ မြေဧရိယာ ၁၀၉ သမ ၉၃ ဧကအပေါ်၌ ဒလမြို့နယ် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (Final Disposal Site-FDS) တည်ဆောက်ရေး စီမံကိန်းအတွင်းရှိ ကန်ညီနောင်ချောင်းအား Skew Type သံကူကွန်ကရိတံတား တည်ဆောက်မှုလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။   

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒလမြို့နယ်၊ တာကြီးကျေးရွာသို့သွားရောက်၍ ဇုန်(၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေးစီမံကိန်းအတွင်း (ပထမအဆင့်)ရေလှောင်ပမာဏရေဂါလန် ဒသမ သန်းဆံ့ ရေစုကန်နှင့် ရေတွန်းစက် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒလမြို့နယ်၊ ဒလ-တွံတေးလမ်းတွင် အမှတ်() တံတား တည်ဆောက်နေမှု၊ ဒလမြို့နယ်၊ ဆာပါချောင်ရပ်ကွက်၊ ဆိပ်ကြီးခနောင်တိုတံတားအဆင်းမှ ဒလကူးတို့ဆိပ်အထိ ပေအကျယ် လမ်းလယ်ကျွန်း ပါဝင်ပြီး အဆင့်မြှင့်တင်ကွန်ကရိခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒလမြို့နယ်၊ ၁၁/၁၄ ရပ်ကွက်နှင့် နံပါတ်ရပ်ကွက် တို့ကို ဆက်သွယ်သည့် ကမာအောင်ချောင်းကူးတံတားအား သံကူကွန်ကရိတံတား တည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကမာအောင်ချောင်းဘေးတစ်လျှောက် အမှိုက်များ ရှင်းလင်းရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)