ဒုတိယမြောက် K-pop အဆိုတော် လိင်မှုဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်

၁၃ မတ်

 

အသက် ၃၀ အရွယ် ဂျန်ဂျူးယောင် ဟာ သူ့ရဲ့ girl friends တွေရဲ့ ခွင့်ပြုချက်မရဘဲ လိင်ပိုင်းဆိုင်ရာ ပုံတွေကို လူမှုကွန်ရက်စကားဝိုင်းပေါ်ကို တင်ခဲ့ကြောင်းဝန်ခံပြီး အခုလို ဖျော်ဖြေရေးကနေ ထွက်ခွာကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်။

 

mdn

 

K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BIGBANG အမျိုးသားအဖွဲ့ရဲ့ အောင်မြင်တဲ့ အဆိုတော် ဆန်ဂရီ ဟာ ဖျော်ဖြေရေးကနေ ရပ်နားမယ် လို့တနင်္လာနေ့က ကြေငြာခဲ့ပါတယ်။ ဆန်ဂရီ ဟာလည်း ဂျန် နဲ့အတူ လူမှုကွန်ယက် စကားပွဲမှာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။

ဂျန်ဂျူးယောင်ရဲ့ ကြေငြာချက်မှာ “ပစ်မှုတွေအားလုံးကို သူကျူးလွန်ကြောင်း ဝန်ခံပါတယ်။ အမျိုးသမီးတွေရဲ့ ခွင့်ပြုချက်မရဘဲ ဗီဒီယိုရိုက်ခဲ့ကြောင်း၊ ဆိုရှယ်စကားဝိုင်းမှာ တင်ခဲ့ကြောင်း၊ အဲဒါတွေလုပ်နေစဉ်က သူဟာ အပစ်ရှိတယ်လို့ ခံစားမှုမရှိခဲ့ကြောင်း“ အင်္ဂါနေ့ညနေပိုင်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကိုရီးယားမီဒီယာ SBS ရဲ့ သတင်းအရ ဂျန် ဟာ အနည်းဆုံး အမျိုးသမီး ၁၀ ဦးနဲ့ လိင်ပိုင်ဆိုင်ရာ ဗီဒီယိုတွေကို ဆိုရှယ်စကားဝိုင်းမှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျန်ကို ဒီသီတင်းပတ်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မိုခါလို့ ခေါ်တဲ့ အမျိုးသမီးတွေရဲ့ လိင်ပိုင်ဆိုင်ရာကို ချောင်းမြှောင်းရိုက်ကူးတဲ့ ဗီဒီယို ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒီလို ရိုက်ကူးတဲ့သူ အများစုဟာ အမျိုးသားတွေ ပါဝင်တာကို တွေရပါတယ်။

အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဘေဘုတ်ဂျူးက “အမျိုးသား K-pop အဖွဲ့ ကိုလည်း ခွင့်လွှတ်ပေးစရာမလိုဘူး အမျိုးသမီးတွေအပေါ်မှာ ခေါင်းပုံဖြတ်မှုတွေ ဖြစ်လာရင်ပေါ့”လို့ ပြောပါတယ်။

MDN
ကိုးကား - AFP