ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၈)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး တက်ရောက်

နေပြည်တော် ၂၃ နိုဝင်ဘာ

စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၈)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Chiefs of Army Multilateral Meeting ) ကို နိုဝင်ဘာလ ၂၁ ရက်နေ့ တွင် စင်ကာပူနိုင်ငံ Swissotel Stamford Hotel ၌ ကျင်းပပြုလုပ်ရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Lim Cheng Yeow Perry နှင့် စင်ကာပူတပ်မတော်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Melvyn Ong Su Kiat တို့က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက မှ ဆင်းရဲ နွမ်းပါးမှု၊ လူမျိုးစုအကြမ်းဖက်မှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ၊ နိုင်ငံတကာအကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှောင်ခို ကုန်ကူးမှုနှင့်တရားမဝင် လက်နက်မှောင်ခိုကုန်ကူးမှုဆိုင်ရာများအား ဆွေးနွေးခဲ့ သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
MDN