ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈) ကျင်းပ

စစ်တွေ ၂၉ ဇန်နဝါရီ

 

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)ကို ဇန်နဝါရီလ (၂၉)ရက်နေ့၊ နံနက် (၁၀)နာရီတွင် ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။ 

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌဦးစံကျော်လှ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး "မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့" ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းအား ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ကြကြောင်း သိရှိရသည်။

 

ယင်းနောက် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အတွင်း ဌာန/အဖွဲ့ အစည်းများ၏ အထွေထွေပိုလျှံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ခေါင်းစဉ် ပြောင်းလဲ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ဆောက်ရွက် မည့်လုပ်ငန်းများနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ် လွှတ်တော် သို့ ရှင်းလင်းတင်ပြခဲ့ပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် လွှတ် တော်မှ အတည်ပြုခဲ့ကြပြီး ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၂/၂၀၁၈)ကို မွန်းလွဲ (၁၂)နာရီတွင် ရပ်နားလိုက်သည်။

 

စစ်တွေခရိုင် (ပြန်/ဆက်)