ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော်  ၃၀  ဇူလိုင်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ပြောင်းလဲတာဝန် ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန့်ဇော် အစား ဒုတိယဗိုလ်မှူးကြီးသန်းဦးလွင် ကို အစားထိုး ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ လပတ် အမျိုးသား စီမံကိန်း အစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏  ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်တွင် မူလခန့်မှန်းခြေ ငွေစာရင်း၌ ၁၀၇၃ ဘီလီယံနှင့် ဖြည့်စွက် ခွင့်ပြုငွေစာရင်း၌ ၁၂၉ ဘီလီယံ စုစုပေါင်း ၁၂၀၂ ဘီလီယံ လျာထား၍ ပထမ()လပတ် အသုံးစာရင်းတွင် ၄၄၉ ဘီလီယံ ဖြစ်သောကြောင့် ၃၇ ရာခိုင်နှုန်းသာ သုံးစွဲပြီးဖြစ်သဖြင့် ပမာဏနည်းနေသည်ကို တွေ့ရှိရကြောင်း၊ ကျန်လများတွင် လျာထားချက် ပြည့်မီအောင် သုံးစွဲနိုင်ခြင်း ရှိ၊ မရှိနှင့် ရန်ပုံငွေ ပြန်လည်အပ်နှံမှုများရှိပါက အချိန်မီ ပြန်လည်အပ်နှံသွားရန် ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပထမ ()လပတ် သုံးစွဲထားရှိမှုတွင် ၄၄၉ ဘီလီယံဖြစ်ပြီး မူလခန့်မှန်းခြေ ငွေစာရင်း ၁၀၇၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်း သုံးစွဲပြီးဖြစ်ပါကြောင်း၊ ပထမ ()လပတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ လျာထားရွေးချယ်ခြင်း၊ ဝယ်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါခေါ်ယူခြင်းများအား အဆင့်ဆင့် စိစစ်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

သို့ရာတွင် ဇန်နဝါရီ ဖေဖော်ဝါရီနှင့် မတ်လများအတွက် အမေရိကန်ဒေါ်လာ (၈၀၈၅၉၄၅၂) နှင့်ညီမျှသည့် ငွေကျပ် ၁၂၄ ဒသမ ၅၂၃ ဘီလီယံ လျှောက်ထားခဲ့ရာ ဧပြီလမှသာ ခွင့်ပြုမိန့် ရရှိခဲ့ခြင်းကြောင့် ပထမ ( )လပတ်သုံးစွဲမှုတွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အချိန်မီ သုံးစွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

mwkt

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် လတာတွင် အကောင်အထည်ဖော်မှု ရာခိုင်နှုန်း နည်းရခြင်းသည် ပြည်ပအကူအညီ၊ ပြည်ပချေးငွေပေးသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ အဆင့်ဆင့် စိစစ်ဆောင်ရွက်ရသဖြင့် ကြန့်ကြာရခြင်းဖြစ်ကြောင်း၊  လုပ်ငန်းစဉ်ပါ Consultant များ အချိန်မီ မခန့်နိုင်ခြင်း၊ လုပ်ထုံးလုပ်နည်းကြန့်ကြာခြင်း၊ အချို့ လုပ်ငန်းစဉ်များသည် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်မေးမြန်း ရှင်းလင်းပြီးမှ အတည်ပြုချက်ရရှိမှသာ လုပ်ငန်းဆောင်ရွက်ရခြင်းနှင့် တင်ဒါလုပ်ငန်းစဉ်များ နှောင့်နှေးခြင်းများကြောင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိဘဲ လုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းရခြင်း ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ () လပတ်တွင် ၂၇ ရာခိုင်နှုန်းသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၈- ၂၀၁၉ခု ဇွန်လအထိ ၄၉ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး မူဝါဒများနှင့်အညီ လယ်ယာကဏ္ဍနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ စိစစ်သုံးစွဲ စီမံကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ စောသန်းထွဋ်က ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (/၂၀၁၉)နှင့် (၁၀/၂၀၁၉) တို့ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(/၂၀၁၉)နှင့် (၁၀/၂၀၁၉)တို့ကို သဘောတူ အတည်ပြုကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ လတာကာလ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ အတွင်းရေးမှူး ဦးခင်ဇော်က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များအနေဖြင့် အမှုများလက်ခံရာတွင် မည်သို့လက်ခံရမည်ဆိုသည့် ညွှန်ကြားချက်များ ထုတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ အမှုများလက်ခံရာတွင် အဂတိကင်းရှင်းစေရန်၊ ဘက်မလိုက်စေရန် စသည့် အချက်များကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ပြစ်မှုတစ်ခုဖြင့် စွပ်စွဲခံရသူသည် ရဲအချုပ်ခန်းတွင် ဖမ်းဆီးခံရစဉ် သက်ဆိုင်ရာ အမှုစစ်ဆေးသည့် အရာရှိများ၏ ဆောင်ရွက်မှုကြောင့် တရားခံသေဆုံးရသည့် ကိစ္စရပ်များရှိပါက သက်ဆိုင်ရာကာယကံရှင်၏ မိသားစုသည် ဥပဒေအရ၊ ရဲစည်းကမ်းထိန်းသိမ်းရေး လက်စွဲအရ ရဲချုပ်ကို တိုင်ကြားနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တိုင်ကြားနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အချုပ်တရားခံ သေဆုံးရသည့်ကိစ္စကို ဥပဒေနှင့်အညီ ပြည်စုံစွာ စုံစမ်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ကူညီရန်လိုအပ်ပါကြောင်း။

သေဆုံးသူကို စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာ မြို့နယ်တွင်ရှိသည့် ဆရာဝန် တစ်ယောက်တည်းက စစ်ဆေးခြင်းထက် သေဆုံးရသည့် အကြောင်းရင်းကို သေချာစွာ စစ်ဆေးနိုင်သည့် မှုခင်းဆရာဝန်ကြီးများ ပါဝင်သော ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်းအားဖြင့် နဂိုရှိရင်းစွဲ ရောဂါကြောင့် သေဆုံးခြင်း၊ ရုတ်တရက် နှိပ်စက်သည့် ဒဏ်ရာကြောင့် ရှော့ဖြစ်ပြီး သေဆုံးခြင်းဆိုသည်ကို ဖော်ထုတ်နိုင်လျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်မည့် အခြေအနေရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် သည် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်အတွက် လိုအပ်သည့် ဆောင်ရွက်မှုများကို ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ လတာကာလ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍  လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ဦးတည်ချက်တွင်ပါသည့် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသည့် ပုဒ်မမည်မျှရှိသည်၊ ရှေ့နောက်ညီညွတ်၍ ဆန့်ကျင်ကွဲလွဲမှုမရှိသည့် ပြဋ္ဌာန်းချက်က မည်မျှရှိသည်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များက မည်သည့်ပြဋ္ဌာန်းချက်များ ဖြစ်သည်နှင့် ဦးတည်ချက်အပိုဒ် ()ပါ မဏ္ဍိုင် ရပ် အပြန်အလှန် ထိန်းကျောင်းမှု၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်မှု၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို အစီရင်ခံစာ၏ မည်သည့်နေရာတွင်မှ ဖော်ပြထားခြင်း မရှိပါကြောင်း၊ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်နှင့်အညီသာ ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က အစီရင်ခံစာတစ်ခုလုံးတွင် ဖော်ပြပါရှိသည့် အချက်များနှင့် နောက်ဆက်တွဲ ဇယားတွင် ဖော်ပြထားသည့် ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များ၊ မှတ်တမ်းတင် ထားချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြည့်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခု ရေးဆွဲရန် ကြိုးစားနေသည်ဟု မြင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရန်အတွက်ဆိုလျှင် သဘောတူပါကြောင်း၊ တိုင်းရင်းသားများသည် နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုကြပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခု အမှန်တကယ် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အုပ်ချုပ်သူများ၏ အကျိုးအတွက် မဟုတ်ဘဲ တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးစီးပွားအတွက် မြေပြင်အခြေအနေနှင့် ကိုက်ညီသည့် ဥပဒေတစ်ခုဖြစ်အောင် ရေးဆွဲကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ကျောင်းကုန်မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပကို ပြင်ဆင်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသော အခန်း(၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ အရ ပြင်ဆင်မည်ဆိုပါက ကြိုဆိုထောက်ခံပါကြောင်းနှင့် အခြားနည်းလမ်းအရ ပြင်ဆင်မည်ဆိုပါက ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ယခုအခါ ပြည်သူကိုယ်တိုင် ပြည်သူ့အခြေခံ ဥပဒေမူကြမ်းတစ်ရပ် အမြန်ဆုံး ရေးဆွဲပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ပြမှုများ ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဆက်လက်ပြုစုရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ဤအစီရင်ခံစာကို အတည်ပြုပေးနိုင်ရေး ထောက်ခံအကြံပြု လိုပါကြောင်း။

တိုင်းရင်းသားများ၏ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်သို့ လည်းကောင်း၊ ပြည်သူလူထု၏ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး မျှော်မှန်းချက်များကို ယခုလို သဘောထား ကြီးစွာဖြင့် ဆက်လက်လေးစားလိုက်နာ ပါဝင်ဆောင်ရွက်ပေးပါရန် နာယကကြီးမှတဆင့် တပ်မတော်သားများ အားလုံးကို မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း၊ ပြုစုထားသော မူကြမ်းပေါင်းချုပ်အပေါ် မူကြမ်းတစ်ခု ဖြစ်ပေါ်လာအောင် ရေးဆွဲသင့်သည့်အခါ အခန်းလိုက် အခန်းလိုက် အခြေခံရမည့်မူများကို အများသဘောတူ ချမှတ်ထားသော အခန်းအလိုက် အခြေခံမူများနှင့်အညီ ဆက်လက်ညှိနှိုင်း ရေးဆွဲဆောင်ရွက်မှသာ ဥပဒေမူကြမ်းကောင်းတစ်ခု ဖြစ်ပေါ်လာ မည်ဖြစ်သည်ဟု အကြံပြုပါကြောင်းနှင့် ဤအစီရင်ခံစာအား အတည်ပြု ပေးသင့်ပါကြောင်း  ဆွေးနွေးသည်။

ထို့အတူ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်ခင်ဆွေလွင်၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊  နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင်(ခေါ်) ဦးဒီလုံး၊ မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ နောင်မွန်း မဲဆန္ဒနယ်မှ ဦးဂျီဖုန်ဆားရ်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်လွီးဇာတို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကို အစည်းအဝေး သတ္တမနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

သတင်း-မော်စီ၊ လူကျော် ဓာတ်ပုံ-ထိုက်ကြီး

 

hluttaw 30719