ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူ

နေပြည်တော် ၁ ဇူလိုင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၃) ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော် ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်-၁၂ ( I-12 ) သို့ ဇူလိုင် ၂၁ ရက် (စနေနေ့) ထက် မစော၊ဇူလိုင် ၂၂ ရက်(တနဂငေ်္နွနေ့) ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ဖြစ်ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်