ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၅  ဇွန်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး ၏ ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးပါရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယနေ့ အစည်းအဝေးတွင် ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့ နယ်တွင် ကျင်းပပြုလုပ်ခဲ့ သော ချင်း-ဗမာချစ်ကြည်ရေးညီလာခံ အထိမ်းအမှတ် ကျောက်တိုင်နှင့် အထိမ်းအမှတ် နေ့အား ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်စိုက်ခဲ့သည့်နေရာသည် ၁၉၄၇ ခုနှစ် မတ် ၄ ရက်နှင့် ၅ ရက်တွင် ဒီးဒုတ်ဦးဘချိုနှင့် တောင်ပိုင်းချင်း ဦးဝမ္မသူးမောင်၊ မြောက်ပိုင်းချင်း ဦးဧဟူးတို့ ဦးဆောင်၍ ချင်း-ဗမာချစ်ကြည်ရေးညီလာ ခံကျင်းပပြီး အထိမ်းအမှတ်ဖြစ် ထီးလင်း-ပေါက်ကားလမ်းဘေး မြို့ဝင်ထိပ် ယခု လမ်းဦးစီးဌာနရုံးအတွင်း ရန်ကုန်မြို့မှ ပန်းချီဆရာ ၂ ဦးလက်ရာဖြင့် ကတ္ထူစက္ကူနှင့် ချင်း-ဗမာ ချစ်ကြည်ရေး ယာယီ ကျောက် တိုင်စိုက်ထူခဲ့သည့် နေရာဖြစ်သည်ကို မှတ်တမ်းဓာတ်ပုံများအရ သိရှိရပါ ကြောင်း။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာနမှ ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်နှင့် ပတ်သက်၍ ကွင်းဆင်း စစ်ဆေး ချက်များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြချက်များ အရ ထီးလင်းမြို့နယ် ချင်း-ဗမာချစ် ကြည်ရေးညီလာခံအထိမ်းအမှတ်ကျောက်တိုင်နှင့် အထိမ်း အမှတ်နေ့ကို မှတ်တမ်းထားရှိရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ချင်း-ဗမာချစ်ကြည် ရေးညီလာခံ အထိမ်းအမှတ်ကျောက်တိုင်နှင့် အထိမ်းအမှတ်နေ့အား သတ်မှတ် နိုင်ရေး အတွက် အစီအစဉ်မရှိပါကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စားရှင်းလင်း ဖြေကြားသည်။

ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူမြို့ သန်ပန်ချောင်း ရပ်ကွက်၊ ကမ်းနားလမ်း၌ ဆိပ်ကမ်းမြေအဖြစ် အသုံးပြုရန် လျာထားသည့် မြေများ၌ ကျူးကျော်အဆောက်အဦများ ဆောက်လုပ်ထားသူတို့ကို အရေးယူရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၃၁-၃-၂၀၁၇ ရက်စွဲပါ စာအမှတ် (၃၉၃)/၄/၈-၂(စီးပွား/စိုက်မွေး) အဖရ (ရခိုင်)ဖြင့် ထုတ်ပြန် ထားချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက မည်ကဲ့သို့ အရေးယူဆောင်ရွက်နေကြပါသနည်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဥပဒေချိုးဖောက် သူများကို အရေးယူရန်ညွှန်ကြားထားပါလျက် ခြံစည်းရိုးကာခြင်း၊ အဆောက်အဦ ဆောက်လုပ်နေခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေကြသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က မည်ကဲ့သို့ အရေးယူဆောင်ရွက်ကြမည် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားမည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက် ကမ်းနားလမ်း အမှတ်(၃)ဆိပ်ခံတံတားနှင့် သမဝါယမဆိုင်ဟောင်းကြားရှိ ဂရန်ချထား သည့် မြေကွက် ၅ ကွက်နှင့် ဦးတင်မောင်ဆွေနှင့်ဒေါ်သိန်းဟန်+ ဒေါ်မြကေသွယ် တို့ မြေကွက်နှစ်ကွက်သည် ကံယကာရှင်များ၏ ဆန္ဒအရ ပြန်လည်အပ်နှံလာပါသဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဂရန်အား ပယ်ဖျက်ပြီး အစိုးရမြေအဖြစ် ပြန်လည်မှတ်တမ်းတင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။



ကျန်မြေကွက် ၃ ကွက်ဖြစ်သည့် ဒေါ်စိုးစိုးသက်၊ ဒေါ်မြနု မြေကွက် ၂ ကွက်အား ကျောက်ဖြူမြို့ အစိုးရရပ်ကွက်နေ ဦးတင်အောင်စိုးမှလည်းကောင်း၊ ဒေါ်မာမာသန်း၏ မြေကွက် ၁ ကွက်အား ကျောက်ဖြူမြို့အနောက်ပိုင်းရပ်ကွက်နေ ဦးဇော်ဝင်းဌေးက လည်းကောင်း အသီးသီးပြန်လည်ဝယ်ယူထားရှိပြီးဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ အဆိုပါ မြေကွက် ၃ ကွက်သည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၀ရက်တွင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မြေငှားဂရန် ထုတ်ပေးထားသော မြေကွက်များဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ဦးတင်အောင်စိုးနှင့် ဦးဇော်ဝင်းဌေးတို့ ဝယ်ယူထားရှိသည့် ဂရန်မြေ ကွက်သည် အဆောက်အဦများ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၁၇ ခုနှစ် မတ် ၃၀ရက်တွင် ယာယီတားမြစ်မိန့်ထုတ်ပြန် ပြီး မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ဆုံးဖြတ်ထားရှိမှု အပေါ် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီမှ ကျောက်ဖြူမြို့နယ် စီမံခန့်ခွဲကော်မတီသို့ အကြောင်းကြားခဲ့ပြီး ကျောက်ဖြူမြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှ ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီသို့ ဥပဒေနှင့်အညီ ဆောင်ရွက် သွားရန် အကြောင်းကြားခဲ့ပါကြောင်း။

ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက်မရှိဘဲ ဆောင် ရွက်နေခြင်းများအား ရပ်ဆိုင်းထားရန်နှင့် လိုက်နာခြင်းမရှိပါက ရခိုင်ပြည်နယ် စည်ပင် သာယာရေးဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း သတိပေးတားမြစ်ပြီး ဖြစ်ပါကြောင်း၊ ထိုသို့တားမြစ်ထားသော်လည်း ကမ်းနားလမ်း သန်ပန်ချောင်းရပ်ကွက် မြစ်ကမ်းနားတွင်ရှိသည့် ဝယ်ယူထားသည့် မြေ ကွက် ၃ ကွက်ကို ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံနေသဖြင့် ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ရက်တွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေအရ စီမံခန့် ခွဲရေးဒဏ်ကြေးငွေအဖြစ် မြေ ကွက်တစ်ကွက်လျှင် ငွေကျပ် ၁၀ဝ၀ဝ ပေးဆောင် ရန်၊ ခြံစည်းရိုးကာရံခြင်းအား ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အထောက်အထားအပြည့် အစုံဖြင့် တင်ပြန်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ခြံစည်းရိုးကာရံသူ ၂ဦးမှ စီမံခန့်ခွဲ ရေးဒဏ်ကြေးငွေအဖြစ် ငွေကျပ် ၃၀ဝ၀ဝအား ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရပါကြောင်း၊ ကျောက်ဖြူမြို့နယ် သန်ပန် ချောင်းရပ်ကွက် မြစ်ကမ်းနားရှိ မြေငှားဂရန်ရရှိသည့်နေရာတွင် ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံသူ ဦးတင်အောင်စိုးနှင့် ဦးဇော်ဝင်းဌေးတို့ ၂ ဦးအား ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူပြီးဖြစ်ပါကြောင်း၊ ဦးတင်အောင်စိုး၏ ဇနီး နှင့် ဦးဇော်ဝင်းဌေးတို့ ခြံစည်းရိုးကာရံခွင့်နှင့် အဆောက်အဦဆောက်လုပ်ခွင့်တို့ကို ခွင့်ပြုနိုင်ရန်အတွက် လျှောက်ထားလာမှုအပေါ် ကျောက်ဖြူမြို့ စည်ပင် သာယာရေး အဖွဲ့မှ ဥပဒေ၊ နည်းဥပဒေများနှင့် စိစစ်ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူ အမည်ပေါက်၊ မြေစာရင်းပုံစံများကို ကံယကာရှင်များထံသို့ တောင်းခံထားရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီယန်းဗဲလ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်နှင့် မိုင်းကိုင် မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်မှ သဘောတူ အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး တင်သွင်းသည့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးအတွက် နိုင်ငံတော်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အထူး သဖြင့် ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်စေရန် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အတွင်း ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အညီ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးပါရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်အတွင်းနိုင်ငံတကာ အဖွဲ့အစည်းများက ကူညီထောက်ပံ့သလိုနှင့် လူ့အခွင့်အရေးဗန်းပြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများရှိကြပါကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်း များ လှုပ်ရှားနိုင်စေရန်အတွက် အကူအညီအထောက်အပံ့ပေးမှုများသည်လည်း အကြမ်းဖက်မှုများကို အထောက်အကူဖြစ်စေပါကြောင်း၊ ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်း အရ နိုင်ငံများသည် မိမိတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် တစ်နိ်ုင်ငံက တစ်နိုင်ငံကို အပြန်အလှန် လေးစားကြရန်နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြား တစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ရန် ပြဋ္ဌာန်းထားရှိပါကြောင်း။

မြန်မာနိုင်ငံအစိုးရသည် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းပြီး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လည်း သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးနှင့် စပ်လျဉ်း၍ မူဝါဒများ၊ လမ်းညွှန်ချက်နှင့် စီမံချက်များချမှတ်ပြီး ARSA အဖွဲ့ကိုလည်း အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားပြီးဖြစ်ပါကြောင်း၊ အဓိကလို အပ်ချက်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို တိကျစွာလိုက်နာ အကောင် အထည်ဖော်ရန် ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ခံရ မှုဖြစ်စဉ်များကို အကြမ်းဖက်ဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ကာကွယ်နိုင်ရန် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော်ကြည် ဖြူစွာလက်တွဲဆောင် ရွက်သွားသင့်ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းဟန်က မြန်မာနိုင်ငံတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပသြဇာခံ၊ အကူအညီအထောက် အပံ့များနှင့် ရပ်တည်သော လက်နက်ကိုင်အဖွဲ့ဟူ၍ အမျိုးအစားနှစ်ခု သတ်မှတ် နိုင်ပါကြောင်း၊ ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏လုပ်ရပ်များ သည် ဒုတိယအမျိုးအစားတွင် ပါဝင်ကြောင်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့သတင်းမီဒီယာလောကတွင် အနောက်အင်အားကြီးနိုင်ငံများ၏ သတင်းဌာနများက သတင်းအင်အားကြီး အုပ်စု အဖြစ် ရပ်တည်လျက်ရှိပြီး မဟုတ်မမှန်သတင်းထုတ်လွှင့် မှုများကို ရင်ဆိုင်ဖြေရှင်း နေသည့် မြန်မာသတင်းမီဒီယာအသိုင်းအဝိုင်းသည် အင်အားငယ်သော အုပ်စုဖြစ်ပါ ကြောင်း၊ နိုင်ငံတော်တွင် အဓိကမဏ္ဍိုင်ကြီး ၃ရပ် အပြင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍ၏ အရေးကြီးပုံကိုလည်း တွေ့မြင်ရ မည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် လူတိုင်း Facebook, Twitter နှင့် You Tube တို့တွင် သတင်း အချက်အလက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များကို အချိန်နှင့်တပြေးညီ ဖော်ပြနေ သည့်အတွက် လုပ်ကြံသတင်း၊ မဟုတ်မမှန်သတင်း၊ သတင်းမှားသတင်းတု များ မဖြစ် စေရေး အထူးဂရုပြုရန်လိုအပ်သကဲ့သို့ မိမိသတင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးစေခြင်း၊ အချုပ်အခြာအာဏာကို ထိပါးခြင်းမ ဖြစ်စေရေး သက်ဆိုင်ရာဥပဒေများကိုလည်း သိထားသင့်ပါကြောင်း။

လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခထပ်မံမဖြစ်ပွားစေရန်လုံခြုံရေးအင်အား အပြည့် အဝချထားခြင်းဖြင့် သတင်းလက်ဦးမှုရရှိရန် လိုအပ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သံ တမန်ဆက်ဆံရေးကောင်းမွန်ရန်အတွက် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ပြီး လုံခြုံရေးအဖွဲ့အစည်းများအနေ ဖြင့် အစွန်းရောက်အကြမး်ဖက်မှုများကို ထိထိရောက်ရောက်တားမြစ်ရန် လိုအပ်ပါ ကြောင်း။

နိုင်ငံတော်အစိုးရ၏ ပြည်တွင်းရေးကိစ္စရပ်များကို ပြည်ပနိုင်ငံ(သို့) သြဇာခံ၊ အထောက်အပံ့ခံ၊ အဖွဲ့အစည်း(သို့မဟုတ်) လူပုဂ္ဂိုလ်များ၏ ဝင်ရောက်ခြယ်လှယ် လွှမ်း မိုးချုပ်ကိုင်မှုမရှိစေရေး မြန်မာသမိုင်းနှင့် ယှဉ်ကာ သတိရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတ ကာမှ အဖွဲ့အစည်းများ၊ အစိုးရ(သို့မဟုတ်) အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားအကူအညီအထောက်အပံ့များကို အခြေ ပြု၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလွှမ်းမိုးချုပ်ကိုင်လာနိုင်သည့် အရာ များကို လက်ခံခြငး်မပြုရန် လိုအပ်ပါကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်ကို ဟန်ချက်ညီညီပူးပေါင်း၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူများ လက်တွဲပူးပေါင်း၍ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ကာကွယ်သွားရန် လိုအပ်ပါကြောင်း အကြုံပြုဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဘူးသီး တောင် မဲဆန္ဒနယ်မှ ဦးအောင် သောင်းရွှေ၊ မောင်တော မဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း၊ တပ်မတော်သားကိုယ်စား လှယ် ဒုတိယဗိုလ်မှူးကြီးတိုးလွင်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲမင်းဦး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးထွန်းသန်းအုန်း၊ ချောင်းဆုံ မဲဆန္ဒနယ်မှ ဦးအောင်ကြည် သိန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၊ ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေ၊ ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာ အောင်၊ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ ကလော မဲဆန္ဒနယ်မှ ဒေါ်ပြုံးကေ သီနိုင်နှင့် စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦးတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင် သူက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်၍ ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့အပြင် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ် ငန်း ကော်မတီ၊ လူဝင်ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက် ရေး လုပ်ငန်းကော်မတီတို့ကို ထပ်မံဖွဲ့စည်းပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဟန်ချက်အညီညီဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ အကြမ်းဖက် တိုက်ဖျက် မှုဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည့် အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထွက်ပြေးတိမ်းရှောင်သူများ ဖမ်းဆီးရမိရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် အမှတ်(၁) နယ် ခြားစောင့်ရဲတပ်ဖွဲ့များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ၊ ပြည်နယ်ရဲတပ်ဖွဲ့များ နှင့် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများပေါင်းစပ်၍ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက် ရှိပါကြောင်း၊ ဒေသခံပြည်သူလူထု၏ စီးပွားရေးဘဝတိုးတက် ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဖြစ်ပါသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တည်ဆဲဥပဒေတို့နှင့် အညီ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများ၊ ပေါင်းစပ်၍ ဘက်ပေါင်းစုံမှ ဟန်ချက်ညီအလေးထား ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ၏အဆုံး အဖြတ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်မှ အတည်ပြုလိုကြောင်း တင်ပြသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကို ဇွန် ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အေးအေးသန့်