ဒုတိယ သမ္မတလောင်းအဖြစ် ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့ကို အဆိုပြု

နေပြည်တော် ၂၃ မတ်

 

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၂) ရက်မြောက်နေ့ အစည်းအဝေးတွင် ကျင်းပသည့် သမ္မတရွေးချယ် တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး အစီအစဉ် ပထမပိုင်းတွင် ရန်ကုန်တိုင်း တာမွေမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးတို့ကို ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းကြကြောင်း သိရသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး အစီအစဉ် ဒုတိယပိုင်းကို နေ့လည် ၁ နာရီတွင် ပြန်လည် စတင်မည် ဖြစ်ပါသည်။

 

MDN