ဒါရိုက်တာဝိုင်း ရင်ဘတ်ထဲကဓားဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု ရရှိ

ရန်ကုန်  ၂၃  မတ်

 


၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို ရုပ်ရှင် သရုပ်ဆောင်နှင့် ဒါရိုက်တာ ဝိုင်းက ရင်ဘတ်ထဲကဓား  ဇာတ်ကားဖြင့်  ဆွတ်ခူးရရှိခဲ့သည်။ 

 


အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စည်သူကြည်စိုးထွန်းက ဖွင့်ဖောက်ကြေညာကာ ဆုပေး အပ်ချီးမြှင့် ပေးခဲ့ ပြီး ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ ဝိုင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

 


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။

 


MDN