ဒါနဝေစီ စာပန်းချီ စာအုပ်ထွက်ရှိ

စာရေးသူပန်းတနော်ခင်မောင်မြင့် ပြုစုရေးသားသော ဒါနဝေစီ စာပန်းချီ စာအုပ်ထွက်ရှိလာသည်။

 

အဆိုပါစာအုပ်တွင် အလှူဒါနကောင်းမှုပြုကြသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ အလှူဒါနများကြောင့် နတ်ပြည်တွင်ခံစားရသော အကြောင်းများကို ဘုရားဟောကျမ်း၊ နိပါတ်တော်များထဲမှ ကောက်နုတ်ရေးသားထားသည့်အပြင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အလှူဒါန လက်နှင့် မကွာ လှူဒါန်းနိုင်ရန် ရည်ရွယ်၍ ရေးသားထားသည်။

 

စာအုပ်ကို ဇွန်ပန်းမွှေးမွှေးစာပေတိုက်၊ အမှတ် (၅၃)၊ (၃) ရပ်ကွက်၊ ၄ လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၉-၄၉၃၄၂၉၄၉ မှ တန်ဖိုးငွေကျပ် ၂၀ဝ၀ ဖြင့် ဖြန့်ချိထားသည်။

 

ကြေးမုံ(စာအုပ်စင်)