ဒလမြို့နယ်၌ တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ဈေးနှုန်သက်သာစွာဖြင့် ရောင်းချပေး

ရန်ကုန်  ၈  မေ 

 

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း အခြေခံ လူတန်းစားများ စားသုံးနိုင်ရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် တိုင်းရွှေဂုံမှ တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို မေ ၇ နံနက်ပိုင်းက ဒလ-ဓနုတ်ကားလမ်းရှိ မြို့အဝင်နေရာ၌  ဒေသခံပြည်သူများအား ဈေးနှုန်သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

 

369

 

ထိုသို့ရောင်းချပေးရာတွင် ထမင်း+ကြက်သားဟင်း+သီးစုံပဲဟင်း+ငါးပိရည်/တို့စရာ (၁)ပွဲကို ငွေကျပ် (၅၀ဝ) ဖြင့်လည်းကောင်း၊ ထမင်း+ဘဲဥ+သီးစုံပဲဟင်း+ငါးပိရည်/တို့စရာ(၁)ပွဲကို ငွေကျပ်(၄၀ဝ) နှုန်းဖြင့် လည်းကောင်း ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါ တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို အခြေခံလူတန်းစားများ စားသုံးနိုင်ရန်အတွက် ပုံမှန် ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လာရောက်ရောင်းချပေးသော ဒလ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)