ဒိုင်းနက် (ခေါ်) သက္ကမလူမျိုးတို့၏ အမျိုးသား​နေ့ စည်​ကားသိုက်​မြိုက်​စွာ ကျင်​းပ

​မောင်​​တော ၇ ဇန်​နဝါရီ 

 

ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးများ၏ (၇) ကြိမ်မြောက် အမျိုးသားနေ့ကို ယ​နေ့နံနက်​ပိုင်​းတွင် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း မီးကျောင်း ခေါင်းဆွဲကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာဒိုင်းနက်ရိုးရာဓ​လေ့၊ရိုးရာ အဆို၊အက၊ အတီးအမှုတ်​တို့ဖြင်​့​ဖျော်​​ဖြေတင်​ဆက်​ခဲ့ကြသည်​။

 

ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသားနေ့ကို ၎င်းတို့လူမျိုးများ၏ မူရင်းအမည် ဖြစ်သည့် “သက္ကမ” အမည်ပြန်လည်အသက်ဝင်လာ​စေရန်၊ မိခင်ဘာသာစကားနှင့် စာပေများ ဖွံ့ဖြိုးတိုးတက်လာ​စေရန်၊ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ယဉ်ကျေးမှု၊ ရိုးရာအဝတ် အစားများ ပြန်လည်ရှင်သန်လာစေရန်နှင့် နိုင်ငံတကာတွင်ရောက်ရှိနေ သည့် “သက္ကမ” လူမျိုးများနှင့် အပြန်အလှန်ဆက်သွယ်လာနိုင်​စေရန်စသည့် ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်​းပ​ရေး​ကော်​မတီမှ တာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။

 

ဒိုင်းနက်လူမျိုးများသည်​ မြို၊ ခမီ၊ သက်​၊ မရမ္မာကြီးအစရှိ​သော ရခိုင်​တိုင်​းရင်​း သားမျိုးနွယ်​စုများကဲ့သို့ ဘူးသီး​တောင်​၊​ မောင်​​တောအပါအဝင်​ ရခိုင်​ပြည်​နယ်​အတွင်းရှိ​မြို့နယ်​များ၌​ ပျံ့နှံ့နေထိုင်​လျက်​ရှိ​ကြောင်​း၊ဒိုင်​းနက်​လူမျိးများ၏ရိုးရာ ယဉ်​​ကျေးမှု ဓ​လေ့ထုံးတမ်​းများ ​ပျောက်​ပျက်​မသွား​စေရန်​ ​ဒေသ​နေဒိုင်​းနက်​လူမျိးများက ဆက်​လက်​ထိန်​းသိမ်​းထားကြ​ကြောင်​း သိရသည်​။

 

ဒိုင်းနက် (ခေါ်) သက္ကမလူမျိုးများ၏အမျိုးသားနေ့ကို ၂၀၁၂ ခုနှစ်က စတင် ကျင်းပလာခဲ့ပြီး ပထမဆုံးအကြိမ်ကို မင်းပြားမြို့နယ် လက်ပန်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်​း၊ နှစ်​စဉ်​ ရခိုင်​ပြည်​နယ်​အတွင်​းရှိ ဒိုင်​းနက်​လူမျိုးများ​နေထိုင်​ရာ မြို့နယ်​များကို​ရွေးချယ်​ကာ ​ကျေးရွာများ၌ကျင်​းပ​လေ့ရှိ​ကြောင်​း၊ ယခုနှစ်​ဒိုင်​းနက်​​ခေါ် သက္ကမ လူမျိုးများ ၏ ၇ ကြိမ်​​မြောက်​ အမျိုးသား​နေ့ကို ဘူးသီး​တောင်​မြို့နယ်​ မီးကျောင်​း ခေါင်းဆွဲ ကျေးရွာကို​ရွေးချယ်​ကျင်​းပခြင်​းဖြစ်​​ကြောင်​းသိရသည်​။

 

မြင့်မောင်၊ဇေယျာ

 

ဓာတ်ပုံ နေဝင်းထွန်း