ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံရွာသစ်တွင် နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွား

ဒိုက်ဦး  ၁  မတ်


ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံရွာသစ်တွင် ယနေ့နံနက် ၇ နာရီက လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ကျော်ခိုင်လင်း (၂၉)နှစ်သည် နေအိမ်မီးဖိုချောင်တွင် ရေနွေးအိုးတည်ထားပြီးနောက် အိမ်အနောက်ဘက်ရှိ စိုက်ခင်းတွင် အလုပ်သွားရောက်လုပ်ကိုင်နေစဉ် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၎င်း၏နေအိမ်အပါအဝင် အနီးရှိ ဦးကျော်မင်းဦး (၄၂)နှစ်၏ နေအိမ်သို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

a

 


မီးလောင်မှုဖြစ်ပွားရာသို့ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် နှစ်စီး၊ ရပ်ကွက်နေပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်လုံးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


ကျော်ကျော်(ပြန်/ဆက်)