ဒိန်းမတ်နိုင်ငံရဲ့ လူဦးရေ တစ်ဝက်နီးပါးဟာ ဇန်နဝါရီ ၃ ရက်နေ့အထိ ကန့်သတ်တားမြစ်မှု စည်းမျဉ်းသစ်အောက်မှာ နေထိုင်ဖို့ ထုတ်ပြန်

၈ ဒီဇင်ဘာ

 

 

ဒိန်းမတ်နိုင်ငံရဲ့ စည်ပင်နယ်မြေ ၃၈ ခုအတွင်းရှိ အထက်တန်းကျောင်းတွေ၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေအား ဒီဇင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ကစပြီး ပိတ်ထားရန်  တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ အဆမတန် များလာပြီး အခြေအနေက စိုးရိမ်စရာ ဖြစ်လာတဲ့အတွက် နိုင်ငံ့ရဲ့ လူဦးရေတစ်ဝက် နီးပါးအပေါ်မှာ သက်ရောက်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် က တနင်္လာနေ့မှာ ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ်က ခရစ္စမတ်နဲ့ နှစ်သစ်ကူးနေ့တွေမှာ လူ ၁၀ ဦးလောက်သာ စုဝေးကြရန် ဆော်ဩထားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် အထက်တန်းနဲ့ အလယ်တန်း ကျောင်းသူကျောင်းသားတွေဟာ ဗုဒ္ဓဟူးနေ့ကစပြီး အွန်လိုင်းကနေသာ သင်ကြားရတော့မှာဖြစ်ပါတယ်။ ဘားတွေ၊ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဟာ ပါဆယ်သာ ရောင်းချခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ စာကြည့်တိုက်တွေ၊ အားကစား ခန်းမတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကဇာတ်ရုံတွေပါ ပိတ်ရမှာ ဖြစ်ပါတယ်။

 

 

ဖော်ပြပါ စည်းမျဉ်းသစ် အားလုံးဟာ ဇန်နဝါရီ ၃ ရက်နေ့အထိ အသက်ဝင်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

 

 

လူဦးရေ ၅.၈ သန်းထိုင်တဲ့ ဒိန်းမတ်နိုင်ငံမှာ တနင်္လာနေ့က ပိုးတွေ့ရှိသူ ၂,၀၄၆ ဦး ရှိတဲ့အတွက် ခရစ္စမတ် အချိန်မှာ နေ့စဉ်ပိုးတွေ့သူဟာ ၄,၀၀၀  အထိ ဖြစ်လာမှာကို စိုးရိမ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

 

ပိုးတွေ့သူ များလာတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ကိုပင်ဟေဂင်မှာ နေထိုင်သူတွေအား  နေအိမ်မှ အလုပ်လုပ်ရန် အကြံပြုထားပြီး ကလေးငယ်တွေအတွက် ပြင်ပမှာ လုပ်ဆောင်ရမှာ သင်ခန်းစာ ၅၀ ကနေ ၁၀ ခုအထိ လျော့ချလိုက်ကြောင်း သိရပါတယ်။

 

 

အခု ချမှတ်လိုက်တဲ့ စည်းမျဉ်းသစ်တွေဟာ မြို့တော် ကိုပင်ဟေဂင်လည်း ပါဝင်ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a1