ဒိန်းမတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ မြွေပါ ၁၇ သန်း နီးပါး သုတ်သင်မယ်

၅ နိုဝင်ဘာ

 

ကမ္ဘာ့အကြီးဆုံး သားမွေးထုတ်လုပ်ရာ ဒိန်းမတ်နိုင်ငံရှိ မြွေပါခြံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် သန်းချီတဲ့ မြွေပါတွေကို သုတ်သင်မယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပြောကြားပါတယ်။

 

ဒိန်းမတ်ရဲတပ်ဖွဲ့အကြီးအကဲက ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ မြွေပါ မွေးမြူရေးခြံ ၁,၀၈၀ မှာ ရှိတဲ့ မြွေပါ အကောင်ရေ ၁၅ သန်းကနေ ၁၇ သန်းအထိ အမြန်ဆုံး သုတ်သင်မယ်လို့  ပြောကြားပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူသားအချင်းချင်း ကူးစက်နိုင်ကြောင်းနဲ့ လူသားနဲ့ တိရစ္ဆာန်ကူးစက်မှုလည်းရှိကြောင်း အထောက်အထားတွေ ရှိကြောင်း ပါရှိပါတယ်။

 

ဒိန်းမတ်နိုင်ငံရဲ့ မြောက်ပိုင်းရှိ မြွေပါမွေးမြူရေးခြံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သတင်းပို့ထားပါတယ်။ တခြားသော ဥရောပနိုင်ငံတွေမှာလည်း ခွေးနဲ့ကြောင် အပါအဝင် တိရစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သိရပါတယ်။

 

မြွေပါမွေးမြူရေးခြံကနေ ပိုးကူးခံရသူ ၁၂ ဦးထိရှိလာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

စပိန်နိုင်ငံမှာ ဇူလိုင်လက မြွေပါမွေးမြူရေးခြံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် မြွေပါ အကောင်ရေ ၁၀၀,၀၀၀ လောက် သုတ်သင်ခဲ့ရကြောင်း သိရပါတယ်။

 

မြွေပါတွေကို ဘယ်လိုမျိုးကူးစက်ခံရတယ်ဆိုတာနဲ့ ဘာကြောင့် ကူးစက်ခဲ့တယ်ဆိုတာကို လေ့လာဆဲဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP