ဒီနှစ်မှာ အကယ်ဒမီထူးချွန်ဆု ၁၃ ဆုဖြစ်မလား

မန္တလေး  ၁၇  မတ် 

 

အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ထူးချွန်ဆု ၁၃ ဆုပေးနိုင်ကြောင်း DV 5 ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာ ဦးငယ်လေးက ပြောသည်။ 

 

ယခုလ ၂၃ ရက်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အောင်သမာဓိရွှေဆိုင်မှ ရွှေကြယ် ၁၃ ခု မှာယူထားကြောင်း သိရသည်။


 
"ထူးချွန်ဆု ၁၁ ဆု ၊ တစ်သက်တာဆု ၁ ဆု ပေးမယ်ကြားတယ်။ တစ်ခုကတော့ အပိုထားတာလည်း ဖြစ်နိုင်တယ်"ဟု ဦးငယ်လေးက  ဆိုသည်။ 

 

အကယ်ဒမီရွှေစင်ရုပ်တုမှ ရွှေကြယ် ၁၃ ခု ကို အောင်သမာဓိရွှေဆိုင်မှ စပွန်ဆာပေးထားသည်။ ရွှေစင်ရုပ်တု ၁၃ ခု အတွက် ၁၅ ပဲရည် ရွှေကြယ် ၁၃ ခုကို စပွန်ဆာပေးမည် ဖြစ်သည်။

 

"မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ တစ်ဖက်တစ်လမ်းက ပါဝင်တဲ့အနေနဲ့ Forever Group နဲ့ ပူးပေါင်း ကူညီဖြစ်တာ ပါ"ဟု အောင်သမာဓိ ရွှေပန်းတိမ်နှင့် ရွှေသန့်စင်လုပ်ငန်းမှ Marketing မန်နေဂျာ ဒေါက်တာ သက်သက်ဇင်က ပြောသည်။

 

ရွှေကြယ် ၁၃ ခုအတွက် ငွေကျပ်သိန်း ၆၀ဝ ခန့်ကုန်ကျမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကပြုလုပ်သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင်လည်း ရွှေကြယ် ၁၂ ခု စပွန်ဆာပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

 

အိမို့မို့ခိုင်