ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြ

ဒီးမော့ဆို ၆ နိုဝင်ဘာ     

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့မှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်နေမှု သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ဒေါတမငယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန်က သဘာ၀ဘေးအန္တရာယ်များသည် ကြိုတင်မှန်းဆ၍ မရနိုင်သော ဖြစ်စဉ်များ ဖြစ်သည့်အတွက် မကျရောက်ခင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး မီးလောင်မှု/ မတော်တဆမှု/ သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားလာပါက နီးစပ်ရာ မီးသတ်ဌာနသို့ ဆက်သွယ်ကူညီတောင်းခံနိုင်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်း များကို ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များက မီးသတ်လုပ်ငန်းသုံး ပစ္စည်းကိရိယာများ အသုံးပြုပုံ၊ အသက်ရှုကိရိယာ BA(Set) အား လက်တွေ့ ဝတ်ဆင်ခြင်း၊ ဆီမီးလောင်မှုအား ရေမှုန်ရေမွှား အအေးပေးစနစ်ဖြင့် လက်တွေ့ငြိမ်းသတ်ခြင်းနှင့် တွင်းနက်ထဲတွင် ပိတ်မိနေသောလူနာအား ကယ်ထုတ်မှု ပုံစံများကို တက်ရောက်လာကြသော ဆရာ/မများ၊ ကျောင်းသားကျောင်းသူများအား လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)