ဒီဇင်ဘာ ပွဲကျပ်ကာလမှာ အကောင်းဆုံးကျော်ဖြတ်နိုင်မလား လက်စတာ

၉  ဒီဇင်ဘာ

 

တနင်္ဂနွေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပရီမီယားလိဂ်ပွဲစဉ်(၁၆)တွင် အက်စတွန်ဗီလာနှင့် လက်စတာတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လက်စတာအသင်းက အဝေးကွင်း လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လက်စတာအသင်းအတွက် ဂိုးတွေကိုတော့ ဗာဒီက နှစ်ဂိုး၊ နာချိုနှင့် ဂျွန်နီအီဗန်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဗီလာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ အသင်း ခေါင်းဆောင် ဂရီရယ်လစ်ရှ်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

 

လက်စတာအသင်းသည် နောက်ဆုံးကစားထားသည့် ပရီမီယားလိဂ် ၈ ပွဲစလုံးကို အနိုင်ရရှိထားကာ သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် စံချိန်သစ် တင်နိုင်ခဲ့သလို တိုက်စစ်မှူး ဗာဒီ အနေဖြင့်လည်း ပရီမီယားလိဂ် ၈ ပွဲဆက်အထိ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဗာဒီသည် ပရီမီယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရှိနေကာ ချဲလ်ဆီးအသင်းမှ အေဗရာဟမ် ၁၁ ဂိုး၊ အာဆင်နယ်အသင်းမှ အူဘာမီယန်နှင့် မန်ယူအသင်းမှ ရက်ဖို့စ်တို့က ၁၀ ဂိုးစီ အသီးသီး သွင်းယူထားကြသည်။

 

04

 

လက်စတာ အသင်းသည် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရမှတ် ၃၈ မှတ်ဖြင့် ရပ်တည်နေပြီး ဇယား ထိပ်ဆုံးမှ လီဗာပူးအသင်းနဲ့ ၈ မှတ်ကွာဖြင့် လိုက်လံဖိအားပေးလျက်ရှိပြီး  အမှတ်ပေးဇယား တတိယနေရာမှ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၆ မှတ်အထိ ဖြတ်ထားခဲ့သည်။

 

ဒီဇင်ဘာ ပွဲကြပ်ကာလအတွင်း လက်စတာအသင်းအနေဖြင့် ပရီမီယားလိပ် ပွဲစဉ်(၁၇)အဖြစ် တန်းဆင်းဇုန်ထဲမှ နော့ဝှစ်အသင်းနဲ့ ကစားရမည်ဖြစ်သော်လည်း ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကာရာဘာအိုဖလား ကွာတားပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ထို့နောက် ပရီမီယားလိဂ်ပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် မန်စီးတီး အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် လီဗာပူး အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

 

ပရီမီယားလိဂ် ပွဲစဉ်(၈)တွင် လီဗာပူးနှင့်လက်စတာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့စဉ် လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုး ရလဒ်ဖြင့် အနိုင်ရရှိထားခဲ့သည်။

 

လက်စတာအသင်းအနေနဲ့ ယခု ဒီဇင်ဘာပွဲကျပ် ကာလတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး ရလဒ် ကောင်းတွေ ရယူထားနိုင်သွားမလားဆိုတာ စောင့်ကြည့်သွားရမည် ဖြစ်သည်။

 

MDN