Digital Marketing & E-commerce ခေါင်းစဉ်ဖြင့် စကားဝိုင်း ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA-Yangon) က ကြီးမှူး၍ Digital Marketing & E-commerce ခေါင်းစဉ်ဖြင့် ICT Talk ကို ဒီဇင်ဘာလလယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်သို့ သွားနေသည့်အချိန်အခါတွင် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် e-Government ဆိုသည်ကို နားလည်မှသာ လိုက်ပါဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ခြင်းကြောင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT ကဏ္ဍမှ တစ်ဖက်တစ်လမ်းပါဝင်ကူညီလုပ်ဆောင်လိုခြင်းကြောင့် Digital Marketing & E-commerce ခေါင်းစဉ်ဖြင့် ICT Talk ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဦးက ပြော သည်။

 

“ဒီဆွေးနွေးပွဲမှာ Digital Marketing & E-commerce ကို ဘယ်လိုချိတ်ဆက်မလဲဆိုတာတွေကို ဆွေးနွေး သွားကြမှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း Government & Public Relations ကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က ပြောသည်။

 

ICT Talk ကို ဒီဇင်ဘာ ၁၅ ရက်တွင် ညနေ ၃ နာရီမှ ၅ နာရီအထိ MICT Park ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ငါးကြိမ်မြောက် ICT Talk ဖြစ်ကာ ဆွေးနွေးပွဲတွင် ငွေပေးချေမှုနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းဆိုင်ရာမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့က e-Government လုပ်ဆောင်နေသည့်တာဝန်ရှိသူများ၊ Digital Marketing လုပ်ကိုင်နေ ကြသည့်လုပ်ငန်းရှင်များက ၎င်းတို့၏အတွေ့အကြုံများနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ တခြားနိုင်ငံများတွင် ကျင့်သုံးနေသည့် နည်းပညာများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

 

ရာမည