ဓနုဖြူတွင် ဆိုင်ကယ်မှ ဆိုက္ကားအားဝင်တိုက်မိ ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ဓနုဖြူ  ၂၃   မေ 

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့ အမှတ် (၁၇)ရပ်ကွက်၊ (၁၁)လမ်းထိပ်တွင် ယနေ့မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က ဆိုင်ကယ်မှ ဆိုက်ကားအား ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ စက္ကော့ကျေးရွာဘက်မှ ဓနုဖြူဘက်သို့ တောင်မှ မြောက် မောင်းနှင်လာသော Dream-125 အနက်ရောင်ဆိုင်ကယ်  နံပါတ်ပြားမပါ အမည်မသိ(အမည်စုံစမ်းဆဲ) မှ ယာဉ်ကြောတူ ရှေ့မှ သိန်းဇော်စီးနင်းပြီး နောက်တွင် နိုင်လင်းဦး လိုက်ပါသော ဆိုက္ကားအား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်နှင့် ဆိုက္ကား ၂ စီးစလုံး လဲကျတိမ်းမှောက်ခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ  (အမည်မသိ)မှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး သိန်းဇော်မှာလည်း မြို့နယ်ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ ဆိုက္ကားနောက်မှ လိုက်ပါစီးနင်းသူ နိုင်လင်းဦးတွင်လည်း ယာဘက်ရင်ဘက်နာကျင်ဒဏ်ရာ၊ ယာခြေသလုံးဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)ရှိခဲ့ကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)